ဗြိတိသျှလေဆိပ်များနှင့် အနီးတစ်ဝိုက်တွင် ဒရုန်းယာဉ်ပျံများ ပျံသန်းခွင့်ကို နောက်လမှစပြီး ပိတ်ပင်မည်

ဗြိတိသျှလေဆိပ်များနှင့် အနီးတစ်ဝိုက်တွင် ဒရုန်းယာဉ်ပျံများ ပျံသန်းခွင့်ကို နောက်လမှစပြီး ပိတ်ပင်မည်

ဖေဖော်ဝါရီ ၂၀ ။                ။     ဗြိတိသျှလေဆိပ်တွေနဲ့ အနီးတစ်ဝိုက် ၅ ကီလိုမီတာအကွာအဝေးမှာ ဒရုန်းယာဉ်ပျံတွေ ပျံသန်းခွင့်ကို နောက်လကစပြီး ပိတ်ပင်သွားမှာဖြစ်ကြောင်း ဗြိတိသျှအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

လာမယ့် မတ်လ ၁၃ ရက်နေ့ကစပြီး လေဆိပ်ပတ်ဝန်းကျင်နဲ့ ၅ ကီလိုမီတာအကွာမှာ ဒရုန်းယာဉ်ပျံတွေ ပျံသန်းခွင့်ကို ပိတ်ပင်သွားမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယင်းကဲ့သို့ ပိတ်ပင်လိုက်တာဟာ ဒရုန်းယာဉ်ပျံတွေကို အကျိုးမဲ့သုံးစွဲနေတာကို တားဆီးဖို့ရည်ရွယ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပြေးလမ်းတစ်လျှောက်မှာ ဒရုန်းယာဉ်ပျံတွေရှိနေတာဟာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် လေဆိပ်နားမှာ ဒရုန်းယာဉ်ပျံလွှတ်တင်သူတွေအနေနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ကျခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်ပွဲတော်ကာလတုန်းက Gatwick လေဆိပ်မှာ ဒရုန်းယာဉ်ပျံတစ်စင်း ဝင်ရောက်လာတဲ့အတွက် ခရီးသည်တွေဟာ လေဆိပ်မှာ ၃ ရက်ကြာသောင်တင်နေခဲ့ရတာဖြစ်ပါတယ်။

အလားတူပဲ Heathrow လေဆိပ်မှာလည်း ဒရုန်းယာဉ်ပျံတစ်စင်းကြောင့် လေဆိပ်ကနေ ထွက်ခွာမယ့် လေယာဉ်အားလုံးကို တစ်နာရီခန့် ရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။

ဗြိတိန်မှာ ၂၀၁၈ ခုနှစ်အတွင်း ဒရုန်းယာဉ်ပျံတွေကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးကြန့်ကြာမှုဟာ ၁၂၅ကြိမ်ရှိခဲ့ကြောင်း သိရှိရပါတယ်။
UK to expand drone no-fly zones near airports next month

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly