ဧရာဝတီတိုင်းဝန်ကြီးချုပ် နဂါးစာကျွေးခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ တက်ရောက်

ဧရာဝတီတိုင်းဝန်ကြီးချုပ် နဂါးစာကျွေးခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ တက်ရောက်
ဓာတ်ပုံ-Regional Government office, Ayeyarwady

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၀ ။            ။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နဂါးစာကျွေးခြင်းကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ အပါအဝင် ဇေကမ္ဘာဦးခင်ရွှေနှင့်အတူ ပြုလုပ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။

“ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်ကြီး သို့ (၁၉ .၂.၂၀၁၉)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် ရောက်ရှိ၍ ဇေယျသေနနဂါးမင်းအား နဂါးစာကျွေးခြင်း ပြုလုပ်ခဲ့ပြီး ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ကြောင်း” ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဖေ့ဘွတ်ခ်ပေ့ချ်တွင် တင်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်က်ိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာတော် သံဃာတော်ရှင်မြတ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်းဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ၊ ပြည်သူများနှင့်အတူ  တက်ရောက်ခဲ့သည် ဟု ဖော်ပြထားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်လှစ်ပွဲ ရေစက်ချမဟာမင်္ဂလာအခမ်းအနားသို့ ရောက်ရှိ၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူခြင်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly