ကမ္ဘာ့ဖက်ရှင်ဂုရုကြီးဖြစ်သူ Karl Lagerfeld ကွယ်လွန်

ကမ္ဘာ့ဖက်ရှင်ဂုရုကြီးဖြစ်သူ Karl Lagerfeld ကွယ်လွန်

ဖေဖော်ဝါရီ ၂၀ ။              ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဖေဖော်ဝါရီလ၊ ၁၉ ရက်နေ့) မနက်ပိုင်းမှာ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ Chanel နဲ့ Fendi တို့ရဲ့ Creative Director၊ ကမ္ဘာ့ဖက်ရှင်လောကရဲ့ ဂုရုကြီးဖြစ်တဲ့ ဂျာမန်ဖက်ရှင်ဒီဇိုင်နာ Karl Lagerfeld ကွယ်လွန်သွားပြီလို့ သိရပါတယ်။

အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ Karl Lagerfeld ဟာ လွန်ခဲ့တဲ့လကတည်းက Chanel ရဲ့ဖက်ရှင်ရှိုးပွဲတွေကို မတက်ရောက်နိုင်တော့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လကစပြီး ရက်သတ္တပတ်ပေါင်းများစွာ ဖျားနာနေခဲ့တဲ့ Karl Lagerfeld ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က ၎င်းရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Karl Lagerfeld ကွယ်လွန်သွားခဲ့ခြင်းဟာ ကမ္ဘာ့ဖက်ရှင်လောကကြီးကို တုန်လှုပ်စေခဲ့ကာ ကမ္ဘာ့နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေနဲ့ မော်ဒယ်လ်တွေက ၎င်းတို့ရဲ့ဝမ်းနည်းကြေကွဲမှုတွေကို Instagram စာမျက်နှာမှာ အသီးသီးဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly