အသေခံဗုံးခွဲတိုက်ခိုက်မှုကို ပူးပေါင်းစုံစမ်းရေး ပါကစ္စတန်ရဲ့ ကမ်းလှမ်းချက်အား အိန္ဒိယ ပယ်ချ

အသေခံဗုံးခွဲတိုက်ခိုက်မှုကို ပူးပေါင်းစုံစမ်းရေး ပါကစ္စတန်ရဲ့ ကမ်းလှမ်းချက်အား အိန္ဒိယ ပယ်ချ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၀ ။            ။    အိန္ဒိယတပ်သားတွေ သေဆုံးတဲ့ ကက်ရှ်မီးယားက အသေခံဗုံးခွဲမှုကို စုံစမ်းစစ်ဆေးပေးမယ်ဆိုပြီး ပါကစ္စတန်နိုင်ငံရဲ့ ကမ်းလှမ်းချက််ကို အိန္ဒိယက ခါးခါးသီးသီး  ငြင်းဆန်လိုက်ပါတယ်။

အိန္ဒိယအရံတပ်သား ၄၁ ဦးအထိ သေဆုံးတဲ့ ဒီအသေခံဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ယုံလောက်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ အရေးယူလုပ်ဆောင်ဖို့ ပြိုင်ဖက်ပါကစ္စတန်နိုင်ငံကို အိန္ဒိယက တောင်းဆိုလိုက်ပါတယ်။

ပါကစ္စတန်မှာ အခြေစိုက်တဲ့ စစ်သွေးကြွအုပ်စုတစ်စုက ၎င်းတို့ ကျုးလွန်တာလို့ ကြွေးကြော်ထားတဲ့ ဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းက အရေးယူနိုင်လောက်တဲ့ သက်သေပေးဖို့ အိန္ဒိယကို အစောပိုင်းမှာ တောင်းဆိုထားပါတယ်။

ဒီအသေခံဗုံးခွဲမှုမှာ ပါကစ္စတန် နောက််ကွယ်က ပါဝင်တယ််ဆိုပြီး အိန္ဒိယရဲ့ စွပ်စွဲချက်ကို ခန်းက ငြင်းဆန်ပြီး ဒီဗုံးခွဲမှုကို ပူးပေါင်းစစ်ဆေးဖို့ ကမ်းလှမ်းသလို အိန္ဒိယဖက််က တိိုက်ခိုက်လာရင်တော့ တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“ပါကစ္စတန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝန်း နားလည်မှု လွဲအောင် လုပ်နေတာကို ရပ်တန်းက ရပ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ကျုးလွန်သူတွေကို ထင်သာမြင်သာ အရေးယူဖို့ ကျွန်မတို့ တောင်းဆိုတယ်။”လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကြာသပတေးနေ့က အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသ ပူဝါမာခရိုင်မှာ စစ််ယာဉ်တန်းကို အသေခံကားဗုံးဖောက်ခွဲမှု ဖြစ်ပြီးနောက်ပိုင်း နျူကလီးယားပိုင် အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံကြားမှာ တင်းမာမှု ကြီးထွားလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly