ပြင်သစ်မှာ ဂျူးသင်္ချိုင်းက အုတ်ဂူတွေမှာ စကြာတံဆိပ်တွေ ရေးဆွဲတဲ့ ဂျူးဆန့်ကျင်ရေးလုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြ

ပြင်သစ်မှာ ဂျူးသင်္ချိုင်းက အုတ်ဂူတွေမှာ စကြာတံဆိပ်တွေ ရေးဆွဲတဲ့ ဂျူးဆန့်ကျင်ရေးလုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြ

ပါရီ၊ ဖေဖော်ဝါရီ ၂၀ ။           ။    ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ ဂျုးသင်္ချိုင်းက အုတ်ဂူ ၁၀၀ နီးပါးမှာ စကြာတံဆိပ်ကို မှုတ်ဆေးနဲ့ ရေးဆွဲထားကာ ဂျူးဆန့်ကျင်ရေး လုပ်ရပ်် ဖြစ်ပွားတယ်ဆို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောပါတယ်။

နိုင်ငံတွင်းမှာ ဂျူးဆန့်ကျင်ရေးလုပ်ရပ်တွေ မြင့်တက်နေခဲ့ရာ သမ္မတ မက်ခရွန်က ဒီအမုန်းတရားရာဇဝတ်မှုတွေကို နှိမ်နင်းသွားမယ်လို့ သံန္ဒိဌာန်ပြု ပြောဆိုပါတယ်။

ဂျာမနီနယ်စပ်နားက အယ်ဆာစေးဒေသက ဂျူးသင်္ချိုင်းမှာ ခုလို စကြာတံဆိပ်တွေ ရေးဆွဲခံရတာဖြစ်ပြီး သမ္မတမက်ခရွန်ဟာ အဲဒီ သင်္ချိုင်းဆီ ချက််ချင်းသွားရောက်ခဲ့ပါတယ်။

ဒီလို ဂျုးဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပါရီမြို့တော်မှာ လူထောင်ပေါင်းများစွာဟာ ဆန့်ကျင်ဆန္ဒပြကြပါတယ်။

မကြာသေးခင်က ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ကာကွယ်ဖို့ မြို့တော်နေတွေ လမ်းပေါ်ထွက်ပြီး ခုလို ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

ခုလို လူထုစုရုံးကာ ကန့်ကွက်ဆန္ဒပြရာမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ နိုင်ငံရေးပါတီ ၁၈ ပါတီကလည်း တိုက်တွန်းထားပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ ဖိလစ်ပီနဲ့ ကက်ဘိနက်အဖွဲ့ဝင်တွေလည်း ပါရီမြို့က လူထုစုရုံးမှုမှာ ပါဝင်ခဲ့ပါတယ်။

နာဇီတွေရဲ့ တံဆိပ်ဖြစ်တဲ့ စကြာတံဆိပ်ကို ဂျူးအုတ်ဂူတွေမှာ ရေးဆွဲထားတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး “ဒါကို ကျုးလွန်သူတွေကို အပြစ်ပေးရမှာပဲ ဖြစ်တယ်။ အမုန်းတရား ပွားများစေတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။”လို့ ဝန်ကြီးချုပ် ဖိလစ်ပီက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly