ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ မှုလစီစဉ်ထားသည့်နေရာ မရသော်လည်း လာရောက်အားပေးသူများပြား

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ မှုလစီစဉ်ထားသည့်နေရာ မရသော်လည်း လာရောက်အားပေးသူများပြား
ဓာတ်ပုံ - ရဲရဲ

မဇ္ဈိမ၊ အောက်တိုဘာ ၂ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ကချင်ပြည်နယ်မဲဆွယ် ခရီးစဉ်အဖြစ် ယနေ့နံနက် ၁၀ နာရီခန့်က မြစ်ကြီးနားလေဆိပ် သို့ရောက်ရှိသည်။

မဲဆွယ်စည်းရုံးဟောပြောမည့် မနောကွင်းအနောက်ဖက်ရှိ နတ်ကျော့ကွင်းသို့ ထောင်နှင့်ချီသည့် ကြိုဆိုသူများနှင့်အတူ သွားရောက်ခဲ့သည်ဟု ကြိုဆိုရေးတွင် ပါဝင်သည့် NLD ပါတီဝင် ဦးဇော်ရဲထက် က မဇ္ဈိမသို့ ပြောသည်။

မှုလဟောပြောရန် စီစဉ်ထားသည့် မနောကွင်းအား အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းက ရဲများ လာရောက်သော့ခတ်သွားသောကြောင့် နတ်ကျော့ကွင်းတွင် အမြန်ဆုံးစီစဉ်လိုက်ရသည် ဟုပြည်နယ်အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကွင်းပြောင်းပြီး ဟောပြောခဲ့ရသည့်နေရာသို့ လာရောက်အားပေးသည့် လူထုမှာ နေအလွန်ပူပြင်းနေ သော်လည်း မြို့လုံးကျွတ်မျှ ရှိသည်ဟု ထိုကွင်းထဲရောက်ရှိနေသူ ဒေသခံတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly