ဘိုးဘွားများ၏ဆံပင်ဖြင့် ပြုလုပ်ထားသည့် ခေါင်းပေါင်းပေါင်းကာ တရုတ်နှစ်ကူးကို ကြိုဆိုခဲ့ကြသည့် ဒေသခံများ

ဘိုးဘွားများ၏ဆံပင်ဖြင့် ပြုလုပ်ထားသည့် ခေါင်းပေါင်းပေါင်းကာ တရုတ်နှစ်ကူးကို ကြိုဆိုခဲ့ကြသည့် ဒေသခံများ

ဖေဖော်ဝါရီ ၁၉ ။             ။ များမကြာမီက တရုတ်ပြည်အနောက်တောင်ဘက်ခြမ်း၊ ကွေးကျိုးပြည်နယ်က လောင်ဝ်ကျားတိုင်းရင်းသားမျိုးနွယ်စုတွေစုပေါင်းပြီး တရုတ်နှစ်ကူးကို ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်နှစ်ကူးအထိမ်းအမှတ်အဖြစ် လောင်ဝ်ကျားတိုင်းရင်းသားမျိုးနွယ်စုတွေဟာ ၎င်းတို့ရဲ့ဘိုးဘေးဘီဘင်တွေရဲ့ ဆံပင်တွေ၊ ကြိုးနဲ့ သိုးမွေးတွေနဲ့ပြုလုပ်ထားတဲ့ ခေါင်းပေါင်းတွေကို တပ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

တိရိစ္ဆာန်တွေရဲ့ ဦးချိုပါ ပါဝင်တဲ့ အဆိုပါခေါင်းပေါင်းကို အဖြူရောင်ပိတ်စနဲ့ ရစ်ပတ်လိုက်ပြီး ခေါင်းပေါ်မှာ တပ်ဆင်လိုက်တာဖြစ်ပါတယ်။

ဒါအပြင် ပန်းကနုတ်တွေနဲ့ ထိုးရက်ထားတဲ့ ဂျက်ကက်အကျင်္ီ၊ စကပ်တွေကို ဝတ်ဆင်ကာ ရိုးရာအကတွေကရင်း ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

ယင်းကဲ့သို့ ခေါင်းပေါင်းပေါင်းကာ ရိုးရာပွဲဆင်နွှဲခြင်းကို တစ်နှစ်တစ်ခါပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

လောင်ဝ်ကျားတိုင်းရင်းသားမျိုးနွယ်စုဟာ လူဦးရေ ၉ သန်းခန့်ရှိတဲ့ မြောင်လူမျိုးကနေ ဆင်းသက်လာတဲ့ မျိုးနွယ်စုဝင်တွေဖြစ်ကြောင်း သိရှိရပါတယ်။

မြောင်လူမျိုးအများစုကိုတော့ တရုတ်ပြည်အနောက်တောင်ပိုင်းတစ်လျှောက်မှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

၎င်းတို့ရဲ့ ခေါင်းပေါင်းဟာ ဘိ်ုးဘွားဘီဘင်လက်ထက်ကတည်းက လက်ဆင့်ကမ်းအမွေပေးလာခဲ့တဲ့ ခေါင်းပေါင်းတွေဖြစ်ပြီး ဘိုးဘွားဘီဘင်တွေအတွက် ပြုလုပ်တဲ့ပွဲတွေမှာ မြတ်မြတ်နိုးနိုးတပ်ဆင်လေ့ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly