နယ်စပ်တံတိုင်း အရေးပေါ်အခြေအနေ ကြေညာလို့ ဒေါ်နယ်ထရမ့်ကို ပြည်နယ် ၁၆ ခုက တရားစွဲ

နယ်စပ်တံတိုင်း အရေးပေါ်အခြေအနေ ကြေညာလို့ ဒေါ်နယ်ထရမ့်ကို ပြည်နယ် ၁၆ ခုက တရားစွဲ

ဖေဖော်ဝါရီ ၁၉ ။            ။ နယ်စပ်တံတိုင်း ကာရံမှုနဲ့့ပတ်သက်လို့ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာဖို့ ဆုံးဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အမေရိကန် ပြည်နယ် ၁၆ ခုက ဖေဖော်ဝါရီ ၁၈ ရက်မှာ တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။

မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ တောင်ပိုင်းနယ်စပ်မှာ တံတိုင်းကာရံတည်ဆောက်ရေးအတွက် ရန်ပုံငွေရအောင်လို့ ဆိုပြီး နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ရပ် ကြေညာဖို့ ထရမ့်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထရမ့်အစိုးရရဲ့ ယင်းလုပ်ရပ်ဟာ ဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်ရာ ကျခဲ့ကြောင်း ယခု ပြည်နယ် ၁၆ ခုရဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

နယ်စပ်တံတိုင်းကိစ္စ အရေးပေါ် အခြေအနေကြေညာတဲ့ သမ္မတရဲ့ အမိန့်ဟာ တကယ်တမ်းမှာတော့ ပြည်သူပိုင် ရန်ပုံငွေတွေနဲ့ပတ်သက်ပြီး နောက်ဆုံး အဆုံးအဖြတ်ပေးရသူဟာ ကွန်ဂရက်သာ ဖြစ်ရမယ်လို့ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ ပြဌာန်းချက်တွေနဲ့ သွေဖည်နေခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဖက်ဒရယ်တရားရုံးတစ်ခုမှာ တင်ပြစွဲဆိုလာတဲ့ တရားစွဲဆိုချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

ယခုလို ထရမ့်ရဲ့ အရေးပေါ်အခြေအနေကြေညာမှုနဲ့ပတ်သက်လို့ ရီပတ်ဘလစ်ကန် ဆိနိတ်တာအများစုကလည်း ဝေဖန်ရှုတ်ချထားခဲ့ပြီးဖြစ်ပါတယ်။

ယခုလို ထရမ့်အစိုးရအပေါ် တရားစွဲဆိုခဲ့တဲ့ ပြည်နယ် ၁၆ ခုထဲမှာတော့ ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ကွန်နက်တီကက်၊ ဒယ်လာဝဲ၊ ဟာဝိုင်ယီ၊ အီလီနွိုက်၊ မေရီလန်း၊ မီချီဂန်၊ နီဗားဒါး၊ နယူးဂျာစီ၊ အော်ရီဂွန်း၊ ဗာဂျီးနီးယား စတဲ့ ပြည်နယ်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly