ဘတ်စ်ကားများအလုံအလောက်မရှိသည့်အပြင် လုပ်ခလစာနည်းပါးမှုကြောင့် ဗင်နီဇွဲလားပြည်သူများ အခက်ကြုံ

ဘတ်စ်ကားများအလုံအလောက်မရှိသည့်အပြင် လုပ်ခလစာနည်းပါးမှုကြောင့် ဗင်နီဇွဲလားပြည်သူများ အခက်ကြုံ

ဖေဖော်ဝါရီ ၁၉ ။           ။ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိသယ်ယူပို့ဆောင်ရေးစနစ်ဟာ အရမ်းကို ခက်ခဲကျပ်တည်းနေတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားပြည်သူတွေဟာ ၎င်းတို့ရဲ့ နေ့ဓဒူဝကိစ္စရပ်တွေလုပ်ဆောင်ဖို့ ခရီးသည်တွေနဲ့ ပြည့်ကျပ်နေတဲ့ ဘတ်စ်ကားတွေကို နေ့စဉ်နဲ့အမျှ စီးနေရတာဖြစ်ပါတယ်။

အလုပ်ကိုအချိန်မီရောက်ရှိစေဖို့ ဗင်နီဇွဲလားပြည်သူအချို့ဟာ နာရီပေါင်းများစွာ ဘတ်စ်ကားကြိုစီးပြီး အလုပ်သွားရသလို ဘတ်စ်ကားခမတတ်နိုင်တဲ့ ပြည်သူအချို့ကလည်း ခြေကျင်လျှောက်သွားနေရတာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကက်စ်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားခဟာ ဗင်နီဇွဲလားငွေ ဘိုလီဗာ ၁၀၀ ရှိပြီး တက္ကစီကားငှားရမ်းခဟာ ဗင်နီဇွဲလားငွေ ဘိုလီဗာ ၃၀၀၀ နဲ့ ၅၀၀၀ ကြားရှိနေတာဖြစ်ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၁၅ ရက်ကစပြီး ဗင်နီဇွဲလားရဲ့ အနိမ့်ဆုံးဝင်ငွေဟာ တစ်လကို ဘိုလီဗာ ၁၈၀၀၀ ဝန်းကျင် (ကန်ဒေါ်လာ ၅ဒေါ်လာနဲ့ ၅ဆင့်) ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတွင်းမှာရှိတဲ့ ဘတ်စ်ကားတွေအနက် ကားအပိုပစ္စည်းမတပ်ဆင်နိုင်တဲ့ ဘတ်စ်ကား ၉၀ ရာခိုင်နှုန်းကို ပြေးဆွဲခြင်း ရပ်ဆိုင်းထားရတာဖြစ်ပါတယ်။

စက်သုံးဆီ၊ တာယာနဲ့ ဘက်ထရီတွေကို အစိုးရဘက်က ထောက်ပံ့ပေးနေပေမယ့် ကားအတွက်လိုအပ်တဲ့ အခြားအပိုပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ရှာဝယ်နေရကြောင်း ဘတ်စ်ကားသမားတွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly