ဘိုလီးဗီးယားမှာ ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိပြီး လူ ၂၄ ဦးထက်မနည်း သေဆုံး

ဘိုလီးဗီးယားမှာ ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိပြီး လူ ၂၄ ဦးထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၁၉ ။            ။ ဘိုလီးဗီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီးနဲ့ မြေကျောက်သယ်ကားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားပြီး လူ ၂၄ ဦးထက်မနည်း သေဆုံးကာ အခြား ၁၂ ဦး ဒဏ်ရာတွေ ရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတွင်းက မာချာကမ်မာကာမြို့ရှိ အင်န်ဒီး အမြန်လမ်းမကြီးပေါ်မှာ အဆိုပါ မတော်တဆမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

" ဒီ ကားမတော်တဆမှုကြောင့် လူ ၂၄ ယောက် သေဆုံးသွားပါတယ်၊ သူတို့ထဲက ၁၂ ယောက်ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်သိရှိထားပြီးပါပြီ၊ တစ်ခြား ဒဏ်ရာရသွားတဲ့ ၁၂ လောက်ကိုလည်း ဆေးရုံတွေကို တင်ပို့ကုသပေးထားပါတယ်" လို့ အော်ရာရို ဒေသ ရဲတပ်ဖွဲ့က ရဲမှူးကြီး ဂျော့ဂျ် ပစ်ဇာရိုက ပြောပါတယ်။

ကနဦးပိုင်းတုန်းက ယင်းမတော်တဆမှုနဲ့ပတ်သက်လို့ ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ်က တွစ်တာကနေတဆင့် ထုတ်ပြန်တုန်းကတော့ သေဆုံးသူ ဦးရေ ၂၂ ဦးသာ ရှိခဲ့ရာကနေ ယခုအခါ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

ယခု ယာဉ်တိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လမ်းအသုံးပြုသူ ကုမ္ပဏီတွေနဲ့ ဒရိုင်ဘာတွေအပေါ် လမ်းစည်းကမ်းလိုက်နာရေးပိုင်း ပိုမို တင်းကျပ်ထိန်းချုပ်သွားဖို့ ရဲတပ်ဖွဲ့ကို ညွန်ကြားခဲ့ကြောင်း သမ္မတ မိုရာလက်စ်က ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly