ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့သည့် ပြင်သစ်တွင် နေပြန်ပွင့်လာ

ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့သည့် ပြင်သစ်တွင် နေပြန်ပွင့်လာ

ဖေဖော်ဝါရီ ၁၉ ။          ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လျှောက်လုံး ပြင်သစ်နိုင်ငံတစ်ဝန်းမှာ နှင်းတွေထူထပ်စွာ ကျဆင်းနေခဲ့ရာ ယခုရက်ပိုင်းမှာ နေသာလာတဲ့အတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့နေ ဒေသခံတွေဟာ မြစ်ကမ်းနံဘေးနဲ့ ပန်းခြံတွေမှာ နေပူစာလှုံလျက်ရှိတယ်လို့ သိရပါတယ်။

ပါရီမြို့က Seine မြစ်ဘေးမှာ နေပူစာလှုံနေတဲ့ ဒေသခံတွေအပြင် အပြေးလေ့ကျင့်၊ လမ်းလျှောက်ထွက်နေသူတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ဇန်နဝါရီလတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းခဲ့မှုကြောင့် ဖျားနာခဲ့သူများစွာရှိကြောင်း၊ နေပူစာလှုံခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်ဓာတ်များကို ဖြည့်စွမ်းပေးနိုင်ကြောင်း၊ ယခုလိုနေသာလာခြင်းဟာ လူတွေအတွက် ကောင်းမွန်သည့်အခြေအနေတစ်ခုဖြစ်ကြောင်း ပါရီမြို့နေ ပြင်သစ်လူမျိုးဖြစ်တဲ့ မက်ဇင်းမ်က ပြောပါတယ်။

ပြီးခဲ့တဲ့လက ပြင်သစ်နိုင်ငံတစ်ဝန်းမှာ ဆီးနှင်းတွေ ထူထပ်စွာကျဆင်းနေခဲ့ရာမှ ရုတ်တရက် နေသာလာခြင်းကို ဝမ်းသာနေသူတွေရှိပေမယ့် ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ လက္ခဏာဖြစ်လေမလားဟု စိုးရိမ်နေကြတဲ့ ဒေသခံတွေလည်းရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly