ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ စစ်သွေးကြွတွေ တိုက်ပွဲသစ်ဖြစ်ပြီး ခုနစ်ဦး သေဆုံး

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ စစ်သွေးကြွတွေ တိုက်ပွဲသစ်ဖြစ်ပြီး ခုနစ်ဦး သေဆုံး

ကက်ရှ်မီးယား၊ ဖေဖော်ဝါရီ ၁၉ ။             ။ ကက်ရှ်မီးယားစစ်သွေးကြွတွေ နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပြီး အိန္ဒိယဖက်က ထိခိုက်ဆုံးရှုံးမှုတွေကို ထပ်မံခံစားရပြန်ပါတယ်။

လူ ခုနစ်ဦး သေဆုံးတဲ့ ဒီတိုက်ခိုက်မှုဟာ အသေခံဗုံးခွဲမှုကြောင့် အိန္ဒိယအရံတပ်သား ၄၁ ဦး ကျဆုံးပြီး ရက်ပိုင်းအတွင်းမှာပဲ ထပ်မံဖြစ််ပွားပေါ်ပေါက်လာတဲ့ တိုက်ပွဲသစ်ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အိန္ဒိယအစိုးရအတွက် ဖိအားတွေ ပိုမိုရင်ဆိုင်ရပြီး စစ်တပ် ကင်းလှည့်မှုကို ဒေသတွင််းမှာ အင်အားထပ်တိုးဆောင်ရွက်ထားရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားတဲ့ အသေခံဗုံးခွဲမှုနဲ့ ပတ်သက်ပြီး  အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံကို အပြစ်တင််ထားပြီး နျူကလီးယားပိုင် ရန်ဖက်နှစ်နိုင်ငံကြားမှာ အခြေအနေ ပိုမိုတင်းမာနေပါတယ်။

တနင်္လာနေ့က ပူဝါမာခရိုင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အိန္ဒိယစစ်သား လေးဦး၊ စစ်သွေးကြွနှစ််ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

သေဆုံးသူတွေကြားမှာ အိန္ဒိယစစ်တပ် ဗိုလ်မှူးတစ်ဦးလည်း ပါဝင်ကြောင််း စစ်တပ်က ပြောပြီး အခြားစစ်သားတစ််ဦးနဲ့ အရပ်သားတစ်ဦးတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ််လို့ ရဲကလည်း ထုတ်ပြန်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly