ဆော်ဒီအိမ်ရှေ့စံမင်းသား၏ အာရှခရီးစဉ်အတွင်း ပါကစ္စတန်မှာ ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

ဆော်ဒီအိမ်ရှေ့စံမင်းသား၏ အာရှခရီးစဉ်အတွင်း ပါကစ္စတန်မှာ ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

ဖေဖော်ဝါရီ ၁၈ ။           ။ ဆော်ဒီအာရေးဗျ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ရဲ့ အာရှခရီးစဉ်အတွင်း ပါကစ္စတန်နိုင်ငံကို ကနဦး ရောက်ရှိခဲ့ပြီးနောက် ယင်းနိုင်ငံနဲ့အကြား ကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံ မှု သဘောတူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ဖော်ပြောသွားပါတယ်။

၎င်းရဲ့ တောင်အာရှနဲ့ တရုတ် ခရီးစဉ် စတင်ချိန်မှာ ယခုလို ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကတော့ ဆော်ဒီနဲ့ ယင်းရဲ့ သမိုင်းဝင် မွတ်ဆလင် မဟာမိတ်တွေနဲ့ အကြား စီးပွားရေး ချိတ်ဆက်ပူးပေါင်းခြင်းရဲ့ အစ တစ်ခုသာ ရှိသေးကြောင်း ဘင် ဆယ်လ်မန်က ပြောသွားပါတယ်။

ယခုလို နိုင်ငံမှာ ဒေါ်လာ ဘီလီယံများစွာ ရင်းနှီးမြုှပ်နှံပေးတဲ့အတွက် ဆော်ဒီ အိမ်ရှေ့စံကို နိုင်ငံရဲ့ အမြင့်ဆုံး အရပ်သား ဂုဏ်ထူးဆောင်ဆု ပေးအပ်မယ်လို့လည်း ပါကစ္စတန် အစိုးရက ပြောပါတယ်။

ဆော်ဒီအိမ်ရှေ့စံကတော့ ပါကစ္စတန်ပြီးရင် ဒုတိယမြောက် အာရှနိုင်ငံ ခရီးစဉ်အဖြစ် အိန္ဒိယကို သွားမှာဖြစ်ပါတယ်။

လက်ရှိ ကာလမှာလည်း ကက်ရှ်မီးယားအရေး အိန္ဒိယနဲ့ ပါကစ္စတန်အကြား  တင်းမာမှုတွေမြင့်တက်နေချိန် ယင်း တင်းမာမှုတွေ လျော့ကျအောင် ကြိုးစားပေးသွားမယ်လို့လည်း ဆော်ဒီ အိမ်ရှေ့စံက ကြုံးဝါးသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly