ဧရာဝတီမြစ်ကျိုးအင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိ

ဧရာဝတီမြစ်ကျိုးအင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိ

မကွေး၊ ဖေဖော်ဝါရီ ၁၈ ။          ။ ပုဂံညောင်ဦးမြို့၊သီရိပစ္စယာရပ်ကွက်၊ လောကနန္ဒာဘုရားအနောက်တောင်ဘက်ကိုက် ၄ဝဝအကွာရှိ ဧရာဝတီမြစ်ကျိုးအင်းအတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်ခုကို ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ရုပ်အလောင်းသည် ညောင်ဦးပြည်သူ့ဆေးရုံတွင် ဆေးကုမှုခံယူနေစဉ် ပျောက်သွားသော အမျိုး သမီးဖြစ်ပြီး ရေနှစ်မြှပ်သေဆုံးလျက် ပြန်လှည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုဂံနယ်မြေရဲစခန်းမှ သိရသည်။

သေဆုံးနေသည့် အမျိုးသမီးသည် ချောက်မြို့၊ သရက်ပင်ကျေးရွာတွင် နေထိုင်သော မပပ ဆိုသူဖြစ်ပြီး လေးဘက်နာရောဂါနှင့် စိတ်ကရောင်ခြောက်ခြားခြင်းတို့ကြောင့် ညောင်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ၁၆ ရက်နေ့၊ နံနက် ၇ နာရီခန့်က ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မောင်တော်စပ် သူ ဖြိုးကိုကို ကရဲစခန်းတွင် ထွက်ဆိုခဲ့သည်။

ပြန်လည်တွေ့ရှိရသော အမျိုးသမီး၏ ရုပ်အလောင်းတွင် ဝမ်းဗိုက်ဖောရောင်နေပြီး နှာခေါင်းမှ ရေအမြှုပ်များ ထွက်ကာ ငါးကိုက်ခံထားရသည့် ဒဏ်ရာအချို့ကိုလည်း တွေ့ရှိရကြောင်း ပုဂံနယ်မြေရဲစခန်မှ သိရသည်။

ယင်းအမှုကို ပုဂံနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်ကို စစ်ဆေးနိုင်ရန် ညောင်ဦးဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly