နည်းပြရာထူးထုတ်ပယ်ခံရမှုများမှ လျော်ကြေးငွေ ပေါင် ၆၂.၅ သန်းအထိ ရရှိခဲ့တဲ့ မော်ရင်ဟို

နည်းပြရာထူးထုတ်ပယ်ခံရမှုများမှ လျော်ကြေးငွေ ပေါင် ၆၂.၅ သန်းအထိ ရရှိခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုဟာ မန်ယူနည်းပြရာထူး ထုတ်ပယ်ခံရမှုကနေ နောက်ဆုံးရရှိခဲ့တဲ့ လျော်ကြေးငွေ ပေါင် ၁၅ သန်းအပါအဝင် သူ့ရဲ့ နည်းပြဘဝဖြတ်သန်းမှုအတွင်း ရာထူးထုတ်ပယ်ခံရခြင်း ၄ ကြိမ်မှ လျော်ကြေးငွေစုစုပေါင်း ပေါင်သန်း ၆၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းက လီဗာပူးလ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်အပြီး မော်ရင်ဟိုဟာ ဒီဇင်ဘာလက အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယခုနှစ်ရာသီမတိုင်ခင် ၂၀၁၃ ခုနှစ်က အနားယူသွားတဲ့ ဆာအဲလက် ဖာဂူဆန်နောက်ပိုင်း မော်ရင်ဟိုဟာ သရဲနီတွေအတွက် အကောင်းဆုံးနည်းပြဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ သူဟာ မန်ယူအသင်းနဲ့ ယူရိုပါလိဂ်၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ဖာဂီနောက်ပိုင်း အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်ပေးနိုင်တဲ့ ပထမဆုံးနည်းပြလည်းဖြစ်ခဲ့တာကြောင့်ပါ။

မော်ရင်ဟိုဟာ ချယ်လ်ဆီးနည်းပြ ရာထူးကနေ ၂ ကြိမ်၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ၁ ကြိမ်စီ ထုတ်ပယ်ခံခဲ့ရဖူးတဲ့နည်းပြဖြစ်ပါတယ်။

ပေါ်တိုနည်းပြဟောင်းဟာ ချယ်လ်ဆီးနည်းပြရာထူးမှ ပထမဆုံးအကြိမ်ထုတ်ပယ်ခံရချိန် ၂၀၀၇ ခုနှစ်က လျော်ကြေးငွေ ပေါင် ၁၈ သန်း၊ နောက် ၅ နှစ်အကြာ ရီးယဲလ်နည်းပြမှ ထုတ်ပယ်ခံရချိန် ပေါင် ၁၇ သန်း၊ ချယ်လ်ဆီးနည်ပြရာထူးမှ ဒုတိယအကြိမ်ထုတ်ပယ်ခဲ့ရတဲ့ ၂၀၁၅ ခုနှစ်က ပေါင် ၁၂.၅ သန်းနဲ့ ၂၀၁၈ ဒီဇင်ဘာက မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ပေါင် ၁၅ သန်း ရရှိခဲ့ပါတယ်။ 

ဒါ့ကြောင့် သူဟာ ရာထူးထုတ်ပယ်ခဲ့ရခြင်း ၅ ကြိမ်မှာ စုစုပေါင်း လျော်ကြေးငွေ ပေါင် ၆၂.၅ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ်တူဂီနည်းပြကြီးဟာ မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း သူနည်းပြဘဝစတင်ခဲ့ရာ အသင်းဟောင်း ဘင်ဖီကာအပါအဝင် နည်းပြရာထူးအတွက် ကမ်းလှမ်းမှုပေါင်းများစွာ ရရှိထားပေမယ့် ပယ်ချခဲ့ပါတယ်။

နောက်ဆုံးရ သတင်းတွေအရ သူဟာ စပိန်၊ အီတလီ၊ အင်္ဂလန်နဲ့ ပေါ်တူဂီတို့မှာ ကျင်လည်ခဲ့ပြီးနောက် လိဂ်ပြိုင်ပွဲသစ်တစ်ခုမှာ အတွေ့အကြုံရလိုတယ်လို့ ဆိုပါတယ်။

မော်ရင်ဟိုက "ကျနော် ပြင်သစ်လီဂူ-၁ မှာ နည်ပြတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်နိုင်ပါတယ်။"တယ်လို့ beIN SPORTS ကို ပြောဆိုထားခဲ့ပါတယ်။

Ref; Sport Bible, Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly