အိန္ဒိယမှာ ကျင်းပတဲ့ ထူးခြားတဲ့ ကမ္ဘာ့ချန်ပီယံရှစ် ယောဂပြိုင်ပွဲ

အိန္ဒိယမှာ ကျင်းပတဲ့ ထူးခြားတဲ့ ကမ္ဘာ့ချန်ပီယံရှစ် ယောဂပြိုင်ပွဲ

ဖေဖော်ဝါရီ ၁၇ ။      ။   သစ်သားတိုင်တစ်တိုင်ပေါ်မှာ ယောဂ ကျင့်စဉ်တွေကို လေ့ကျင့်တင်ဆက်ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ချန်ပီယံ ယောဂပြိုင်ပွဲတစ်ခုကို အိန္ဒိယမှာ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပပါတယ်။

ကျွမ်းဘား အားကစားနည်း ပုံစံလိုမျိုး နည်းနာမျိုး ပါဝင်တဲ့ ယင်း တိုင်ထိပ်ပေါ်က ယောဂပြိုင်ပွဲကိုတော့ မွမ်ဘိုင်းမြို့မှာ ကျင်းပတာဖြစ်ပါတယ်။

ဒါဟာ ရှေးကျတဲ့ အားကစားနည်းတစ်ခုကို ပထမဆုံးအကြိမ် ကမ္ဘာ့ ချန်ပီယံရှစ်ပွဲအဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကမ္ဘာ့ချန်ပီယံရှစ် ယောဂပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၁၅ နိုင်ငံက ယှဉ်ပြိုင်သူပေါင်း ၁၀၀  လောက် ပါဝင်ယှဉ်ပြိုင်နေလျက် ရှိကြောင်း သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်သူတွေကတော့ အမြင့် ၂ ဒသမ ၆ မီတာ (ရှစ်ပေခွဲ) ရှိ သစ်သားတိုင်တစ်တိုင်ပေါ် တက်ပြီး ကောင်းကင်ဘား လေ့ကျင့်စဉ်တွေနဲ့ ယောဂကိုယ်နေဟန်ထား အမျိုးမျိုးကို တင်ဆက်ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly