အစိုးရခွင့်ပြုချက်ရ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်မဲလုပ်ငန်းစဉ် စတော့မည်

အစိုးရခွင့်ပြုချက်ရ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်မဲလုပ်ငန်းစဉ် စတော့မည်

အောက်တိုဘာ ၂ ရက် ။         ။ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်မဲများနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ အောက်တိုဘာ ၃ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှုများ စတင်မည်ဖြစ်သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ကြိုတင်မဲလက်မှတ်များကို တာဝန်ခံထုတ်ပေးမည့်သူများက လက်မှတ်ရေးထိုးခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တံဆိပ်တုံး ရိုက်နှိပ်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း/ လက်ခံခြင်းတို့ စတင်ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ကြိုတင်မဲပေးရန် ပုံစံ (၁၅) ဖြင့် တောင်းခံထားသည့် မဲဆန္ဒရှင်များအတွက်သာဖြစ်သည်။

ယင်းလုပ်ငန်းဆောင်ရွက်မှုစတင်ခြင်းကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် မီဒီယာများ သွားရောက် လေ့လာနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly