အစ္စရေးတို့၏ ကျောက်တုံးသဏ္ဍန်ပုံဖမ်းထားသည့် ထောက်လှမ်းရေးကိရိယာ လက်ဘနွန်တွင် တွေ့ရှိ

အစ္စရေးတို့၏ ကျောက်တုံးသဏ္ဍန်ပုံဖမ်းထားသည့် ထောက်လှမ်းရေးကိရိယာ လက်ဘနွန်တွင် တွေ့ရှိ

အလွန်ထူးထူးကဲကဲဖုံးကွယ်မှုဖြင့် ဖုံးကွယ်ထားသည့် အစ္စရေးထောက်လှမ်းရေး ကိရိယာတစ်ခုကို လက်ဘနွန်တောင်ပိုင်းတွင်တွေ့ရှိကြောင်း စစ်တပ်က ပြောသည်။

"ကျောက်တုံးတစ်တုံးလို လုပ်ထားတဲ့ ကိရိယာကို တွေ့တာပါ။ ဒီကျောက်တုံးမှာက အတွင်းထဲ လျှပ်စစ်ကြိုးကေဘယ်လ်တွေနဲ့ တွေ့ရတာပါပဲ။ ဒီကျောက်တုံးတွေ့ရှိနေရာကို စစ်တပ်ကပညာရှင်တွေ သွားခဲ့ပြီး စစ်ဆေးခဲ့ပါတယ်။"ဟု လက်ဘနွန် စစ်တပ်က စက်တင်ဘာ ၃၀ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကျောက်တုံးပုံထောက်လှမ်းရေး ကိရိယာကို ဘာနီဟာယန်မြို့ဖက်တွင် တွေ့ရှိခြင်းဖြစ်သည်။ ကျောက်တုံးပုံကိရိယာတွင် လျှပ်စစ်ဘတ္တရီကြီး လေးခုပါရှိသလို လျှို့ဝှက်ကင်မရာတစ်လုံးနှင့် အတူ ဆက်သွယ်ရေး ကိရိယာများလည်း ပါရှိသည်ကို တွေ့ရှိရသည်။

ယင်းသို့ထောက်လှမ်းရေးကိရိယာများကို ကျောက်တုံးအသွင်ရုပ်ဖျက်ခြင်းက အစ္စရေးတို့၏ပထမဆုံးလုပ်ဆောင်မှုမဟုတ်ပေ။ ၂၀၁၀ဒီဇင်ဘာအတွင်းကလည်း အစ္စရေးတို့ပင်ပြုလုပ် သည့်ထောက်လှမ်းရေး ကိရိယာများပါ ကျောက်တုံးပုံဆောင်ခဲတစ်ခုကို တွေ့ရှိကြောင်း လက်ဘနွန်စစ်တပ်က ထုတ်ပြန်ထားခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly