အော်စကာဆုပေးပွဲတွင် တည်ခင်းဧည့်ခံရန် အစားအသောက်ကုမ္ပဏီများ ကြိုတင်ပြင်ဆင်

အော်စကာဆုပေးပွဲတွင် တည်ခင်းဧည့်ခံရန် အစားအသောက်ကုမ္ပဏီများ ကြိုတင်ပြင်ဆင်

ဖေဖော်ဝါရီ ၁၆ ။     ။   များမကြာမီမှာ ကျင်းပတော့မယ့် အော်စကာဆုပေးပွဲကြီးမှာ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို ဧည့်ခံကျွေးမွေးဖို့ တာဝန်ယူထားတဲ့ အစားအသောက်ကုမ္ပဏီတွေက ၎င်းတို့ရဲ့ အစားအစာတွေကို မိတ်ဆက်ပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါအစားအသောက်ကုမ္ပဏီတွေဟာ ဆုပေးပွဲမှာ တည်ခင်းကျွေးမွေးဖို့အတွက် အထူးစီစဉ်ထားတဲ့ အစားအစာတွေကို မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။

“ကျွန်တော်တို့က သတ်သတ်လွတ်ဟင်းလျာတွေကို စပါယ်ရှယ်ပြင်ထားပေမယ့် သတ်သတ်လွတ်စားတဲ့အနုပညာရှင်ကတောင် တော်ပြီ၊ ဒီနေ့တော့ ကြက်သားအစာသွပ်မုန့်စားမယ်လို့ လာပြောတာ။”လို့ စားဖိုမှူး ဝေါ့ဖ်ကန်း ဘတ်ခ်က ပြောပါတယ်။

“စတော်ဘယ်ရီနဲ့ ချောကလက် အော်စကာမုန့်ရှိမယ်။ စတော်ဘယ်ရီနဲ့ ရှန်ပိန်ပါတဲ့ မုန့်အသစ်ပါ ထည့်ပေးထားတယ်။ လက်ဖက်စိမ်းမာကာရွန်မုန့်တွေလည်း ပါမယ်။”လို့ မုန့်ဖုတ်ဆရာ ကာမယ်ကူချီတာက ပြောပါတယ်။

“အော်စကာဆုပေးပွဲကြီးဆိုတော့ လာမယ့်ဧည့်သည်တွေလည်းများမှာပဲ။ ဒီတော့ ရှန်ပိန်ပုလင်းပေါင်း ၁၅၀၀ ကျော်ပြင်ဆင်ထားတယ်။ ဧည့်သည်အားလုံးကို ခွက်ပေါင်း ၁၀၀၀၀ ကျော်နဲ့ ဧည့်ခံနိုင်ဖို့ပါ။”လို့ Piper-Heidseick ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘီနွိုက်ကိုလာတ်က ပြောပါတယ်။

ရုပ်ရှင်လောကရဲ့ အထင်ကရဆုပေးပွဲကြီးဖြစ်တဲ့ ၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ၊ ၂၄ ရက်၊ Dolby ပြဇာတ်ရုံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly