တိုကျိုအိုလံပစ်အတွက် တာထွက်ကောင်းသွားတဲ့ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း

တိုကျိုအိုလံပစ်အတွက် တာထွက်ကောင်းသွားတဲ့ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း

ဖေဖော်ဝါရီလ ၁၆  ။             ။ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ၂၀၁၉ ခုနှစ်အတွက် အိန္ဒိယဖိတ်ခေါ် ဖလား Hero Gold Cup အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး တစ်ဦး ဆုတံဆိပ်များပါ ဆွတ်ခူးခဲ့တာကြောင့် လာမဲ့ တိုကျိုအိုလံပစ်အတွက် တာထွက်ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက အိန္ဒိယဖိတ်ခေါ်အမျိုးသမီးဗိုလ်လုပွဲ မှာ မြန်မာအမျိုးသမီးအသင်းနှင့် နီပေါအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအမျိုးသမီးအသင်းက ၃ ဂိုး၊  နီပေါအမျိုးသမီးအသင်းက ၁  ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် မြန်မာအသင်းအနေဖြင့် ဂိုးပြတ် အနိုင်ရကာ ချန်ပီယံဆုရသည့် မှတ်တမ်း နဲ့အတူ ဆုဖလားကို ရရှိခဲ့တာပါ။

 မြန်မာအမျိုးသမီးအသင်းအနေဖြင့် နီပေါအမျိုးသမီးအသင်းကို ကျော်ဖြတ်နိုင်ရန် အမာခံကစားသမားအများစုနဲ့ ပွဲထုတ်လာပြီး စတင်ကစားသည့်ပထမပိုင်း ၃၄ မိနစ်အရောက်တွင် ဦးဆောင်ဂိုး စတင်ရှိခဲ့ကာ ပထမပိုင်း ပြီးကာနီးတွင် နီပေါအသင်းက ချေပဂိုး ရရှိခဲ့ပါတယ်။

 ဒုတိယပိုင်းအရောက်မှာ မြန်မာအသင်းက ကစားပွဲကို စတင်ထိန်းချုပ်ကစားနိုင်ခဲ့ပြီး  ၅၂ မိနစ် နဲ့ ၆၂ မိနစ်အရောက်တွင် အနိုင်သေချာစေမဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

 မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ဆုဖလားနဲ့အတူ အသန့်ရှင်းဆုံးအသင်းဆုကို မြန်မာအသင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဝင်းသိင်္ဂ ီထွန်း ၊ ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင်ကစားရန် ပေး ဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရသည် မြန်မာဂိုးသမား ဇာဇာမြင့် ၊ သွင်းဂိုးအများဆုံးဆုကို တိုက်စစ်မှူး ရီရီဦး နဲ့ နီပေါအသင်းမှ ဆာဘီထရာ တို့က ပူးတွဲ ရရှိခဲ့တာပါ။

 မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် လာမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲတွင်လည်း အုပ်စု A တွင် နီပေါအသင်း နဲ့ ထပ်မံထိပ်တိုက်တွေ့ ဆုံနေတာကြောင့် ထပ်မံအနိုင်ယူကာ အုပ်စုဗိုလ်အဖြစ် တတိယအဆင့်သို့ ကျော်ဖြတ်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမဲ့ အနေအထားတစ်ရပ်ပဲ ဖြစ်ပါတယ်။

 ယခု ဆုဖလားနဲ့အတူ တစ်ဦးချင်းမှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းအနေဖြင့် လာမည့်  ၂၀၂၀ ဧပြီ လ ပထမ အပတ်တွင်းကျင်းပမည် အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် တာထွက်ကောင်းတဲ့  အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

 လက်ရှိတွင် ပြည်ပပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေကြတဲ့ ရန်ကုန်ယူနိုက်တက်၊ မြန်မာအမျိုးသမီး ယူ ၁၆၊ မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းတို့အနက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသာ  အောင်ပွဲ ရရှိခဲ့တာ  ဖြစ်ပါတယ်။

 ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက် မဲခွဲရာတွင် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မဲခွဲရလဒ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက အုပ်စု A တွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါအသင်းတို့နဲ့ အတူ ကျရောက်နေတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required