ဗင်နီဇွဲလားတွင် ကားဆီဖြည့်ရန် နာရီပေါင်းများစွာ တန်းစီနေရ

ဗင်နီဇွဲလားတွင် ကားဆီဖြည့်ရန် နာရီပေါင်းများစွာ တန်းစီနေရ

ဖေဖော်ဝါရီ ၁၆ ။      ။    ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိအခြေအနေအရ နိုင်ငံတွင်း နေထိုင်လျက်ရှိတဲ့ ဒေသခံတွေဟာ ကားဆီဖြည့်ဖို့ နာရီပေါင်းများစွာ တန်းစီပြီး စောင့်ဆိုင်းကြရတယ်လို့ သိရပါတယ်။

ဒါအပြင် ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ်မှာ နေထိုင်ကြသူတွေဟာလည်း ၎င်းတို့လိုအပ်တဲ့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ဝယ်ယူဖို့ ကိုလံဘီယာအထိ သွားရောက်ဝယ်ယူနေကြရတာဖြစ်ပါတယ်။

ကားဆီဖြည့်ဖို့အတွက် စောင့်ဆိုင်းရသည်မှာ နှစ်ရက်မှ သုံးရက်အထိ ကြာမြင့်ကြောင်း၊ လိုအပ်သည့်စားနပ်ရိက္ခာ၊ ဆေးဝါးများကို ကိုလံဘီယာမှာပဲ သွားဝယ်နေရကြောင်း ဗင်နီဇွဲလားနိုင်ငံသားတစ်ဦးဖြစ်တဲ့ အန်တိုနီယို ရုရ်လက်စ်က ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ဆင်းရဲနွမ်းပါးမှု၊ ငွေကြေးဖောင်းပွမှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံဖြစ်ပြီး ပြည်သူတွေဟာ အစာရေစာငတ်ပြတ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ လစာနည်းပါးမှု အစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags