ချီကာဂိုမြို့ပြင်က စက်မှုဧရိယာမှာ သေနတ်သမားတစ်ဦး ပစ်ခတ်လို့ လူ ငါးဦး သေဆုံး

ချီကာဂိုမြို့ပြင်က စက်မှုဧရိယာမှာ သေနတ်သမားတစ်ဦး ပစ်ခတ်လို့ လူ ငါးဦး သေဆုံး

ချီကာဂို၊ ဖေဖော်ဝါရီ ၁၆ ။     ။    အမေရိကန်နိုင်ငံ ချီကာဂိုမြို့ပြင်က စက်မှုဧရိယာတစ်ခုမှာ သောကြာနေ့က သေနတ်သမားတစ်ဦး ပစ်ခတ်တာကြောင့် လူငါးဦး သေဆုံးပြီး ရဲတော်တော်များများလည်း ဒဏ်ရာရခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။

“ခုချိန်ထိ ကျွန်တော်တို့ သေဆုံးသူ ငါးဦး ရှိတာကို အတည်ပြုနိုင်ပါတယ်။”လို့ အီလီနွိုက်ပြည်နယ် အော်ရိုရာမြို့ ရဲအကြီးအကဲ ခရစ္စတန်ဇီမန်းက ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ ရဲအချို့လည်း ဒဏ်ရာရကြောင်း၊ ပထမဆုံး ဒဏ်ရာရတဲ့ ရဲနှစ်ဦးမှာ ပစ်ခတ်မှုဖြစ်နေတဲ့ စက်ရုံဝင်းထဲ ဝင်ရောက်ရာမှ ဒဏ်ရာရခြင်းဖြစ်ကြောင်း၊ အခုပစ်ခတ်မှုဟာ နေ့လယ် ၁ နာရီ ၂၈ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ပစ်ခတ်တဲ့ သေနတ်သမားဟာ  အသက် ၄၅ နှစ်ရှိ ဂါရီမာတင်ဆိုသူဖြစ်ပြီး အဲဒီစက်ရုံက အလုပ်သမားပဲ ဖြစ်ဖွယ်ရှိကာ ၎င်းကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရဲဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly