ဘာစီလိုနာနည်းပြ ဗယ်ဗာဒီ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဘာစီလိုနာအသင်း နည်းပြ ဗယ်ဗာဒီဟာ အသင်းနဲ့ စာချုပ် တစ်နှစ်သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် စပိန်နည်းပြကြီးဟာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိပြီး ၎င်းမှာ ၂၀၂၀-၂၁ ရာသီကုန်အထိ ကိုင်တွယ်ခွင့် ရရှိလိမ့်မှာဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ၂၀၁၇ ခုနှစ်၊ မေလက အင်းနရစ်ရဲ့ နည်းပြရာထူးနေရာမှာ အစားထိုးဝင်ရောက်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာ လာလီဂါဖလားနဲ့ စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

ဘာာစီလိုနာဟာ လာလီဂါပြိုင်ပွဲ လက်ရှိဇယားမှာ ၅၁ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ပြိုင်ဘက် ရီးယဲလ်အသင်းကို ၆ မှတ် ဖြတ်ထားပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဗယ်ဗာဒီဟာ ဘာစီလိုနာကို ကိုင်တွယ်ခဲ့တဲ့ တစ်လျှောက် စုစုပေါင်း ၉၆ ပွဲမှာ ၆၅ ပွဲနိုင်၊ ၂၂ ပွဲသရေနဲ့ ၉ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly