ရည်ရွယ်ချက်ရှိရှိ အဝါကတ်ရယူခဲ့တယ်လို့ ပြောဆိုမှုတွေအတွက် ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ ရာမို့စ်

ရည်ရွယ်ချက်ရှိရှိ အဝါကတ်ရယူခဲ့တယ်လို့ ပြောဆိုမှုတွေအတွက် ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ ရာမို့စ်

ရီးယဲလ်မက်ဒရစ်အသင်း နောက်ခံလူ ဆာဂျီယို ရာမို့စ်က အေဂျက်စ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ သူဟာ  ပွဲပယ်ခံရဖို့ ရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့တယ်လို့ ပြောဆိုခဲ့ပြီးနောက် သူ့ရဲ့ မှတ်ချက်စကားတွေကို ဥရောပဘောလုံးအဖွဲ့ချုပ် (Uefa) က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရာမို့စ်ဟာ ရီးယဲလ်အသင်းဟာ ၂-၁ ဂိုးနဲ့ ဦးဆောင်နေချိန် ပွဲချိန် ၈၉ မိနစ်မှာ ပြိုက်ဘက်ကစားသမား ကတ်စပါ ဒိုးလ်ဘတ်ကို ပြစ်ဒဏ်ကျူးလွန်းခဲ့တာကြောင့် အဝါကတ်ပြခံရတာဖြစ်ပါတယ်။ 

အဆိုပါအဝါကတ်ဟာ ရာမို့စ်အတွက် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ တတိယမြောက် အဝါကတ်ပြသခံခဲ့ရတာဖြစ်ပြီး ဘာနေဗျူးကွင်းမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

ကစားသမားတစ်ဦးဟာ ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်တယ်လို့ ထင်ရှားရင် နှစ်ပွဲအထိ ပြစ်ဒဉ်ချမှတ်နိုင်ပါတယ်။

ရာမို့စ်က “ကျနော် အဝါကတ်ထိအောင် အတင်းရယူခဲ့တာမဟုတ်ပါဘူး။”လို့ သူဟာ အဝါကတ်အတွက် ရည်ရွယ်ချက်ရှိရှိ ကစားခဲ့တယ်ဆိုတဲ့ မှတ်ချက်တွေအပေါ် ပြန်လည်ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာတော့ ရာမို့စ်က “ပွဲပယ်ခံရဖို့အတွက် အတင်းလုပ်ယူခဲ့တာ မဟုတ်ဘူးလို့ ကျနော် ပြောမယ်ဆိုရင်” သူဟာ လိမ်လဲရာကျပါလိမ့်ယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ယူအီးအက်ဖ်အေက “ရီးယဲလ်ကစားသမား ရာမို့စ်နဲ့ ရေးသားပြောဆိုဖော်ပြမှုတွေနဲ့ ပတ်သက်ဆက်နွှဲမှုတွေကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စုံစမ်းဆေးဆေးမှုတွေ လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။”လို့ ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly