ဒုတိယအချီမှာ အလဲထိုးမယ်ဆိုတဲ့ ချင်းတိုင်းရင်းသား တီရဲလ်ထန်

ဒုတိယအချီမှာ အလဲထိုးမယ်ဆိုတဲ့ ချင်းတိုင်းရင်းသား တီရဲလ်ထန်
ဓာတ်ပုံ-One Championship

ဖေဖော်ဝါရီလ ၁၅ ။         ။ ပြိုင်ဖက်ကို ဒုတိယအချီမြောက်မှာ အလဲထိုးအနိုင်တိုက်ခိုက်မယ်လို့ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား တီရဲလ်ထန်က ပြောဆိုလိုက်ပါတယ်။

 "  ပြိုင်ဖက်ကစားသမား ကမ္ဘောဒီယား တိုက်ခိုက်ရေးကစားသမား Rin Saroth ကို  ဒုတိယအချီမြောက်မှာ အနိုင်ထိုးသတ်မယ်လို့ ကျွန်တော် ထင်တယ်။ ကိုယ့်ကိုလည်း ယုံကြည်မှုရှိပါတယ်။ ကျွန်တော်အနေနဲ့ နပမ်းရော၊ ထိုးတာရော လုပ်မယ်။ ပြိုင်ဖက်ကစားသမား ထိုးတဲ့ပွဲတွေကို လေ့လာဖြစ်ပါတယ်။ သူက ထိုးတဲ့ပွဲတွေ အများကြီးပါပဲ။ ကျွန်တော်က အမေရိကန်နပန်းနဲ့ ဘရာဇီးလက်ဝှေ့ နဲ့ ယှဉ်ပြိုင်သွားမှပါ " လို့ ချင်းတိုင်းရင်းသား တီရဲလ်ထန်က ပြောဆိုလိုက်တာပါ။

 အောင်လအန်ဆန် လေ့ကျင့်သင်ကြားပေးထားတဲ့  တီရဲလ်ထန်နဲ့ အောင်လအန်ဆန်တို့ ထိုးသတ်မဲ့ပွဲတွေ အကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မိတ်ဆက်ခဲ့တာဖြစ်ပြီး အွန်လိုင်းကနေ မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 ပထမဆုံးအကြိမ် MMA ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့ တီရဲလ်ထန်  ( Tail Thang Zathang ) အနေနဲ့ လက်ရှိ အချိန်မှာ အောင်လအန်ဆန်နဲ့ လေ့ကျင့်လျက်ရှိနေပြီး  MMA ပြိုင်ပွဲအတွက် ၂၀၁၆ ခုနှစ်ကတည်းက စတင်လေ့ကျင့်နေတာပါ။

 လာမဲ့ မတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပပြုလုပ်မဲ့ MMA ပြိုင်ပွဲ   One Championship Reign of Valor ပြိုင်ပွဲမှာတော့ ချင်းကစားသမားသစ် တီရဲလ်ထန် (Tial Thang Zathang ) က ကမ္ဘောဒီယား တိုက်ခိုက်ရေးကစားသမား Rin Saroth နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

 “ ကျွန်တော် အရမ်းဝမ်းသာတယ် ။ ပြီးရင် One Championship နဲ့ စာချုပ် ချုပ်ရတာလည်း ဝမ်းသာတယ်။ ပိုပြီးဝမ်းသာတာက အခုကျွန်တော့ကို မွေးဖွားခဲ့တဲ့နိုင်ငံမှာဆိုတော့ အရမ်းဝမ်းသာတယ်။ ပျော်ပြီးတော့ ဝမ်းသာလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး " လို့ တီရဲလ်ထန်က ပြောပါတယ်။

 တီရဲလ်ထန်က အောင်လန်အန်ဆန် နဲ့အတူ အမေရိကန်မှာ တစ်ပတ်လျှင် ၆ ရက်ကျော် လေ့ကျင့်လျက်ရှိပြီး ဂျုဂျစ်စု၊ နပမ်း၊ ခြေထောက်အားပြုတိုက်ကွက်များကို အပြင်းအထန် လေ့ကျင့်လျက် ရှိနေပါတယ်။

အမေရိကန်မှာနေထိုင်သည့် ဒီ ချင်းတိုင်းရင်းသားလူငယ်သည် သူ့အိမ်မက် ဖြစ်တဲ့ ကိုယ်ခံပညာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ သူ လုပ်ကိုင်နေတဲ့ လေအေးပေးစက်ပြုပြုင်ရေး အလုပ်ကို စွန့်ခွာခဲ့သူ ဖြစ်ပါတယ်။

 Tial Thang Zathang ကို မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို ့မှ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဇနီး၊ သားသမီး ၂ ဦးနှင့် အမေရိကန်နိုင်ငံမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

One Championship Reign of Valor ပြိုင်ပွဲတွင် မြန်မာကစားသမားတွေ ဖြစ်သော ဖိုးသော်က အင်ဒိုနီးရှား တိုက်ခိုက်ရေး ကစားသမား Yohan Mulia legowo နဲ့ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး အန်တိုနီယာအနေဖြင့် မလေးရှားကစားသမား Boiface နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly