ကင်မ်ဂျုံအီကို ဂုဏ်ပြုတဲ့အနေနဲ့ မြောက်ကိုရီးယားမှာ အစားအသောက် ပွဲတော် ကျင်းပ

ကင်မ်ဂျုံအီကို ဂုဏ်ပြုတဲ့အနေနဲ့ မြောက်ကိုရီးယားမှာ အစားအသောက် ပွဲတော် ကျင်းပ

ဖေဖော်ဝါရီ ၁၅ ။             ။ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီကို ဂုဏ်ပြုသောအားဖြင့် အစားအသောက်ပွဲတော်ကြီးတစ်ခုကို ယင်းနိုင်ငံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေလျက် ရှိပါတယ်။

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ မွေးဖွားခဲ့တဲ့ ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုံယမ်းမြို့မှာ နိုင်ငံလုံးဆိုင်ရာ အချက်အပြုတ် ပြိုင်ပွဲတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်ကစလို့ သုံးရက်ကြာ ကျင်းပနေလျက် ရှိပါတယ်။

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ ယင်းပြိုင်ပွဲကတော့ ယခုနှစ်ဆိုရင် ကိုးကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုနှစ် ပြိုင်ပွဲမှာတော့ စားတော်ကဲ အယောက် ၃၀၀ လောက် ပါဝင်ယှဉ်ပြိုင်ကြပြီး မတူညီတဲ့ ဟင်းပွဲ စားဖွယ် အမယ်ပေါင်း ၄၀ လောက်ကို ချက်ပြုတ်ယှဉ်ပြိုင်ကြပါတယ်။

အနိုင်ရမယ့် သူတွေကတော့ ချက်နည်းပြုတ်နည်း စာအုပ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အပြင် ဒစ်ပလိုမာတွေ၊ ဆုတံဆိပ်တွေပါ ရရှိမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly