ဥရောပထိပ်တန်းအသင်းကြီးတွေကို ယှဉ်နိုင်ဖို့အတွက် နွေရာသီမှာ ထိပ်တန်းအပြောင်းအရွှေ့ (၄)ခုအထိ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အက်ဒ်ဝုက်ဒ်

ဥရောပထိပ်တန်းအသင်းကြီးတွေကို ယှဉ်နိုင်ဖို့အတွက် နွေရာသီမှာ ထိပ်တန်းအပြောင်းအရွှေ့ (၄)ခုအထိ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အက်ဒ်ဝုက်ဒ်
Photos: AFP & EPA

မန်ယူအသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ဟာ အသင်းကို ဥရောပထိပ်တန်းအသင်းကြီးတွေ စာရင်းထဲ ပြန်လည် ဝင်ရောက်နိုင်ဖို့အတွက် အရေးတကြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ လုပ်အပ်ကြောင်း သဘောတူလက်ခံလိုက်ပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်အပြီးမှာ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်သွားဖို့ ရင်ဆိုင်နေရပြီးနောက်မှာတော့ အက်ဒ်ဝုဒ်ဝက်ဒ်က ဥရောပထိပ်တန်းအသင်းကြီးတွေကို ပခုံးချင်းယှဉ်နိုင်ဖို့အတွက် လာမယ့် နွေရာသီမှာ ထိပ်တန်းအပြောင်းအရွှေ့ ၄ ခုအထိ ပြုလုပ်ရန် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

နည်းပြဟောင်း မော်ရင်ဟိုက မန်ယူအသင်းအနေဖြင့် ထိပ်တန်းအဆင့်ကို ပြန်ရောက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ အသင်းလူစာရင်းကို ပိုမိုတောင့်တင်းလာအောင် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပြောဆိုခဲ့ဖူးပြီး ဒါကို အက်ဒ်ဝုဒ်ဝက်ဒ်အနေဖြင့် အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းအနေဖြင့် ထိပ်တန်းအဆင့် ဗဟိုနောက်ခံကစားသမား တစ်ဦး ခေါ်ယူရန် လိုအပ်သလို နောက်ထပ် နောက်တန်း ၂ ဦးနဲ့ ညာကွင်းလယ်လူတစ်ဦးတို့ကိုလည်း ခေါ်ယူဖို့ လုပ်အပ်နေပါတယ်။

မန်ယူအသင်းရဲ့ နံပါတ် ၁ ပစ်မှတ်ကစားသမားမှာ နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံလူ ကူလီဘလီဖြစ်ပြီး အီတလီကလပ်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ခန့် အလိုရှိနေပါတယ်။

မန်ယူအသင်း နောက်ထပ်အလိုရှိနေတဲ့ ကစားသမားတွေထဲမှာ အက်သလက်တီကိုနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ ဘယ်နောက်ခံနဲ့ နောက်ခံအတွင်းလူနေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး ဖီအိုရင်တီးနားနောက်ခံလူ မီလင်ကိုဗစ်မှာ ညာနောက်ခံနဲ့ နောက်ခံအတွင်းလူနေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမား ဒူးဂလပ်စ်ကော်စတာမှာမူ ဂျူဗင်တပ်စ်အသင်းမှာ ထွက်ခွာဖို့ စီစဉ်နေသူဖြစ်ပြီး ယူနိုက်တက်ဟာ မော်ရင်ဟိုလက်ထက်က ခေါ်ယူရန် ကြိုးစားခဲ့ဖူးပါတယ်။

Ref; The Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly