ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ့် Airbus

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ့် Airbus

ဖေဖော်ဝါရီ ၁၅ ။          ။ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်အမျိုးအစားဖြစ်တဲ့ A380 superjumbo ကို ဆက်မထုတ်တော့ဖို့ ဥရောပ လေယာဉ်ထုတ်ကုမ္ပဏီကြီး Airbus က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ A380 လေယာဉ် ထုတ်လုပ်ရတာဟာ ကုန်ကျစရိတ် အင်မတန် ကြီးမားလွန်းလှပြီး ယင်းကုန်ကျစရိတ်ကို ထေကာမိစေဖို့အတွက် လုံလောက်တဲ့ အမှာစာတွေ မရရှိတဲ့နောက် ယခုလို ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ Airbus က စီစဉ်လိုက်ရတာဖြစ်ပါတယ်။

Airbus အနေနဲ့ အဆိုပါ A380 superjumbo လေယာဉ်ပရိုဂရမ်ကို  စွန့်လွှတ်ပြီး  အရွယ်အစား ပိုသေးတဲ့ လေယာဉ်တွေဘက်ကို ပိုမိုဦးစားပေးထုတ်လုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အဆိုပါ A380 လေယာဉ် မှာယူထားမှုတွေအတွက် ပေးပို့မှုတွေကို လာမယ့် ၂၀၂၁ ထဲမှာ အပြီးလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း Airbus က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ဒါဟာ A380 ရဲ့ အကြီးဆုံး customer ဖြစ်တဲ့ Emirates လေကြောင်းလိုင်းက ယင်း အထင်ကရ လေယာဉ် မှာယူမှုတွေကို လျှော့ချပြီး အရွယ်အစားပိုသေးတဲ့ လေယာဉ် မော်ဒယ်တွေကို ပိုမှာယူခဲ့တဲ့နောက်ပိုင်း ယခုလို Airbus ရဲ့ ဆုံးဖြတ်ချက် ထွက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly