ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်အား အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့တဲ့ တေလာဆွဇ်

ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်အား အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့တဲ့ တေလာဆွဇ်

ကန်ထရီးအဆိုတော် တေလဆွဇ်သည် ကင်ဆာရောဂါ ခံစားနေရသော အကအဖွဲ့ဝင် ကင်တိုရှီဒါ ဗစ်ဆန် ၏ တူဖြစ်သူကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့သည်။ “မင်းရဲ့ ဦးလေးဖြစ်သူနဲ့ကမ္ဘာ လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေမှာ အတူဖျော်ဖြေရတာ ငါ့အတွက် ကံကောင်း ပါတယ်။ ငါတို့အားလုံး မင်းနဲ့ မင်းအမေအတွက် ဆုတောင်းပေးနေပါတယ်” ဟုတေလာ ကအေဒန်၏ GoFundMe စာမျက်နှာ တွင် ရေးသားခဲ့သည်။

အသက် ၁၃ နှစ်အရွယ် အေဒန်၏ ဦးလေးဖြစ်သူ ကင်တိုရှီ ဒါဗစ်ဆန်သည် တေလာ၏ 1989 တေးသီချင်း အယ်လ်ဘမ် ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီစဉ်တွင် တေလာနှင့်အတူ ကပြ ဖျော်ဖြေခဲ့သူ တစ်ဦးဖြစ် သည်။  တိုရှီ သည် လက်ရှိအချိန်တွင် ခရီးသွားလျက် ရှိသော်လည်း တူဖြစ်သူအတွက် တေလာငွေကြေး လှူဒါန်းခဲ့မှုအတွက် ကျေးဇူးတင်ပါကြောင်း  Instagram တွင် ပြောကြားခဲ့သည်။

အေဒန်သည် အထူးကုသဆောင်တွင် သီတင်းနှစ်ပတ်ကြာ တတ်ရောက် ကုသခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက်က ကင်ဆာရောဂါ ခံစားနေရေကြောင်း ဆေးစစ်ချက် ထွက်ပေါ်လာပြီးနောက် အေဒန်၏ မိသားစုဝင်များ သည်  စက်တင်ဘာ ၂၉ ရက်က ငွေကြေး အကူညီ တောင်းခံရန်အတွက် GoFumdMe စာမျက်နှာကို ထောင်ခဲ့ ခြင်း ဖြစ်သည်။

အေဒန်၏ အဆုတ်ထဲတွင် ရေများ တွေ့ရှိခဲ့ခြင်းကြောင့် ဆရာဝန်များက အဆုတ်ရောင်ရောဂါဟု ယူဆခဲ့သော်လည်း စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကင်ဆာရောဂါ ခံစားနေရကြောင်း အတည်ပြု ခဲ့ခြင်းဖြစ် သည်။

တေလာ၏ မိခင်ဖြစ်သူသည် ယခုနှစ် အစာပိုင်းက ကင်ဆာရောဂါ ခံစားနေကြောင်း သိရှိခဲ့သည်။ တေလာ သည် ဇူလိုင်လက သွေးကင်ဆာ ခံစားနေရသော အသက် ၁၁ နှစ်အရွယ် ကလေးငယ် နာအိုမီ ဟာရစ်ကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့သည်။

တေလာသည် ပြီးခဲ့သည့်နှစ်က ကင်ဆာရောဂါ ခံစားနေရသော ကလေးများအတွက် တေးဂီတကုထုံး ရန်ပုံငွေအတွက် ကလေးဆေးရုံ Philadelphia ဆေးရုံသို့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly