မြွေသွေးကို သောက်ပြီး ကင်းမြီးကောက်တွေစားကာ ထိုင်းနဲ့ အမေရိကန် စစ်သားတွေ စစ်ရေးလေ့ကျင့်

မြွေသွေးကို သောက်ပြီး ကင်းမြီးကောက်တွေစားကာ ထိုင်းနဲ့ အမေရိကန် စစ်သားတွေ စစ်ရေးလေ့ကျင့်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ ။                ။ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားက အခုနှစ် ရွှေရောင်မြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာတော့ တောတွင်းရှင်သန်ရေးစစ်စီမံချက်အဖြစ် နှစ်နိုင်ငံ မရိန်းတပ်သားတွေဟာ မြွေသွေးကို သောက်ပြီး ကင်းမြီးကောက်တွေ စားတာကို လုပ်ဆောင်ခဲ့ကြပါတယ်။

 အာရှ-ပစိဖိတ်ဒေသမှာ အကြီးဆုံးဖြစ်တဲ့ နှစ်စဉ် ကျင်းပမြဲ ဒီစစ်ရေးလေ့ကျင့်မှုကို အင်္ဂါနေ့မှာ စတင်တာဖြစ်ပြီး ပါဝင်သူနဲ့ စောင့်ကြည့်သူ နိုင်ငံပေါင်း ၂၉ နိုင်ငံ ရှိပါတယ်။

 တောတွင်း ရှင််သန်ရေး လေ့ကျင့်မှုအဖြစ် မြွေသွေးသောက်တာ၊ ကင်းမြီးကောက်တွေ စားတာအပြင် ကင််းမြီးကောက်နဲ့ ပင့်ကူတွေကို အဆိပ်ထုတ်တာတွေကိုပါ ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ထည့်သွင်းပြီး လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။

 ဖေဖော်ဝါရီ ၂၂ ရက်မှ ပြီးဆုံးမယ့် ဒီ ရွှေရောင်မြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာ အဓိက ကဏ္ဍကြီးသုံးရပ်နဲ့ လေ့ကျင့်တာ ဖြစ်ပါတယ်။ စစ်ပွဲမြေပြင်လေ့ကျင့်မှု၊ လူသားချင်းစာနာထောက်ထားရေးအကူအညီပေး မစ်ရှင်နဲ့ သဘာဝဘေးကယ််ဆယ်ရေး လုပ်ငန််းစဉ်ဆိုပြီး ကဏ္ဍာကြီး သုံးရပ်အတွက် လေ့ကျင့်ကြတာပဲ ဖြစ်ပါတယ်။

 ဒီစစ်ရေးလေ့ကျင့်မှုရဲ့ အဓိက ရည်မှန်းချက််တွေမှာ ရေကြောင်းလုံခြုံရေး မြင့်မားရန်၊ သဘာဝဘေးခြိမ်းခြောက်မှုတွေအတွက် ကြိုတင်ကာကွယ်ရန်နဲ့ အကြီးစား သဘာဝဘေးတွေအတွက် တုံ့ပြန်ဆောင်ရွက်ရန်တို့အတွက် ဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

 ရွှေရောင်မြွေဟောက် စစ်ရေးလေ့ကျင့်မှုဟာ ၂၀၀၄ ခုနှစ််က အိန္ဒိယသမုဒ္ဒရာဆူနာမီ၊ ၂၀၁၁ က တိုဟိုကူးဆူနာမီနဲ့ ၂၀၁၃ မှာ ဖိလစ်ပိုင််က တိုင်ဖုန်းမုန်တိုင်းသဘာဝဘေးတွေအပါအဝင် ကြုံတွေ့ရင်ဆိုင််ရတဲ့ သဘာဝဘေးတွေမှာ ပူးပေါင်းစစ်အင်အားနဲ့ တုံ့ပြန်နိုင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly