ကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် မြန်မာနေရှယ်လိဂ်ပွဲစဉ်များ တစ်လနီးပါး ရပ်နားမည်

ကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် မြန်မာနေရှယ်လိဂ်ပွဲစဉ်များ တစ်လနီးပါး ရပ်နားမည်
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာလက်ရွေးစင် ယူ-၂၂ ကစားသမားအချို့လေ့ကျင့်နေစဉ်။ ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄ ။         ။ မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် ၂၀၁၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို တစ်လခန့် ခေတ္တရပ်နားသွားဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် ကပြောသည်။

၂၀၁၉ ရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို ဒုတိယအကြိမ်အဖြစ် ၁ လနီးပါးထပ်မံနားမည်ဖြစ်ပြီး မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၅ အပြီး နှင့် ပွဲစဉ် ၆ ကြားတွင် ၁ လ နီးပါး ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

 "ပွဲစဉ် ၅ အပြီး ပွဲစဉ် ၆ မစခင်  ၂၆ ရက်တိတိ နားရပါမယ်။ဘာဖြစ်လို့နားမလဲဆိုရင် ဖြေပါမယ်။ မြန်မာ့ လက်ရွေးစင်အသင်းကြီးရဲ့ ကမ္ဘာဖလားခြေစစ်ပွဲရှိပါတယ်။ဒါ့အပြင် အသက်၂၃ နှစ်လက်ရွေးစင် အသင်း ရဲ့ AFC Under 23 Championship  ပြိုင်ပွဲ ရှိပါတယ်။ ကျနော်တို့ဘောလုံးသမားတွေဟာ ၃ ရက်၄ရက် ပေါင်း ကျင့်ပြီးတော့ သွားပြိုင်နိုင်တဲ့အနေအထားမရှိသေးပါဘူး။အဲဒါကြောင့်မို့မဖြစ်မနေ နားရခြင်းဖြစ်ပါတယ် " ဟု  မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

 ယခု ရပ်နားထားသည့် ပွဲစဉ် ၄ အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်စဉ် ဆီရက်နီဂရို ့စ်အသင်းကို အဝေးကွင်းသွင်းဂိုး (၂ -၁ ) ၊ ချင်းရိုင် အသင်းကို (၁-၃) နှင့် အဝေးကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသော်လည်း AFC Cup ကိုဝင်ရောက်ယှဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

 "ဒီလိုပြိုင်ပွဲမျိုး အရန်နဲ့ကစားပါလား။ ဘာဖြစ်လို့ရွေးနေရသလဲ။ ပြောရတာအရမ်းလွယ်ပါတယ်။ ဝေဖန်ရတာ အရမ်းလွယ်ပါတယ်။အရန် နဲ့သွားပြိုင်လို့ ၇ ဂိုး ၈ ဂိုး ရှုံးရင် ဘယ်သူတာဝန်ယူမလဲ။ဘယ်သူ ဒုက္ခရောက်မလဲ ။ ကျွန်တော်တို့ပဲဒုက္ခရောက်မှပါ။ကျွန်တော်တို့ လိဂ်ပဲပြန်ပြီးအရှိန်ယူရမှာပါ။အဲတော့ ဝေဖန်တာအရမ်းလွယ်။ အကြံပေးတာအရမ်းလွယ်တယ်။လုပ်ကြည့်ပါ။ တကယ်ထင်သလောက်မလွယ်ဘူးဆိုတာ စည်းဝိုင်းထဲက လူတွေပဲ သိပါတယ်။ကျွန်တော် အနေနဲ့ဘယ်သူမှပြောခြင်းမဟုတ်ပါဘူး။ဘောလုံးလောက တကယ် လုပ်နေတဲ့သူတွေ ။ညီအစ်ကိုတွေကို ပြောတာဖြစ်ပါတယ် " ဟု ဦးစိုးမိုးကျော်က ထပ်မံပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေအဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက မြန်မာလက်ရွေးစင် ယူ၂၂ က အာရှချန်ပီယံရှစ်၊ MNL ကလပ်အသင်းများဖြစ်သည့် ရန်ကုန်ယူနိုက်တက် ရှမ်းယူနိုက်တိုက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုကြောင့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၄ အပြီးတွင် ခေတ္တရပ်နားခဲ့သည်။

ပထမအကြိမ်ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို လာမည့် မတ်လ ၂ ရက်နေ့တွင် ပြန်လည်ကစားမည်ဖြစ်ကာ ပွဲ စဉ်၅ အပြီးတွင် ၁ လ နီးပါးထပ်မံပြန်လည် ရပ်နားမည်ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly