ကမ္ဘာတစ်ဝန်း ရေပန်းစားလာတဲ့ ဇင်ဘာဘွေက လက်လုပ်ဘွတ်ဖိနပ်

ကမ္ဘာတစ်ဝန်း ရေပန်းစားလာတဲ့ ဇင်ဘာဘွေက လက်လုပ်ဘွတ်ဖိနပ်

ဖေဖော်ဝါရီ ၁၄ ။             ။ ဇင်ဘာဘွေနိုင်ငံအနောက်တောင်ပိုင်းက ဘူလာဝါရိုမြို့မှာ အခြေစိုက်ပြီး ထုတ်လုပ်တဲ့ Courteney လက်လုပ် ဘွတ်ဖိနပ်၊ ရှူးဖိနပ်တွေဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာအနှံ့အပြားကို တင်ပို့ရောင်းချရတဲ့ ဖိနပ်တွေဖြစ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Courteney ဘွတ်ဖိနပ်စက်ရုံကို ဝန်ထမ်း ၁၄ ယောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး တစ်နေ့ကို ဘွတ်ဖိနပ်အရန် ၃၀ တီထွင်ထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝန်းရေပန်းစားလာတဲ့ လက်လုပ် Courteney ဘွတ်ဖိနပ်တစ်ရန်ဟာ အမေရိကန်ဒေါ်လာ ၁၄၀ ကနေ ၅၀၀ ကြား စျေးရှိတယ်လို့ သိရပါတယ်။

“ဒီနှစ်က ကျွန်တော့်ကုမ္ပဏီအတွက် အောင်မြင်တဲ့နှစ်တစ်နှစ်ပါပဲ။ ကမ္ဘာအနှံ့အပြားကို တင်ပို့ရောင်းချနိုင်ခဲ့ပြီ။ လူတွေက ကျွန်တော်တို့ရဲ့ သဘာဝထုတ်ကုန်တွေကိုပဲ ပိုပြီး သုံးစွဲချင်လာကြတယ်။”လို့ ဘွတ်ဖိနပ်စက်ရုံပိုင်ရှင် စီဘန်တာက ပြောပါတယ်။

Courteney လက်လုပ်ဘွတ်ဖိနပ်တစ်ရန် ထုတ်လုပ်ဖို့ အချိန် ၂ ပတ်ခန့်ယူရတာဖြစ်ပါတယ်။

“တင်ပို့ရောင်းချရတဲ့ နေရာတွေများလာတော့ ဝန်ထမ်းအသစ်ခန့်ရတယ်။ ဝန်ထမ်းအသစ်တွေ ရွေးချယ်ခန့်အပ်ဖို့ကတော့ ဒီက ၀ါရင့်ဝန်ထမ်းတွေရဲ့အလိုကျ ရွေးချယ်ခန့်အပ်ခိုင်းတယ်။ ဘွတ်ဖိနပ်တွေကို ဘယ်လိုတီထွင်ရမလဲဆိုတာ သူတို့က သိနေပြီးသားဆိုတော့။”လို့ စီဘန်တာက ဆက်ပြောပါတယ်။

“မနေ့ကပဲ တောင်အာဖရိကက ကောင်လေးတစ်ယောက်က သူနဲ့ သူ့သူငယ်ချင်းအတွက် Courteney ဘွတ်ဖိနပ် ၉ ရန်လောက်ဝယ်သွားတယ်။”လို့ ဘူလာဝါရိုမြို့မှာ ဖိနပ်ဆိုင်ဖွင့်ထားတဲ့ ဂျေးကီကာက ပြောပါတယ်။

Courteney လက်လုပ် ဘွတ်ဖိနပ်၊ ရှူးဖိနပ်တွေကို အမေရိကန်၊ ဥရောပ၊ ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေကို အဓိကထား တင်ပို့ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly