ရန်ကုန်ယူနိုက်တက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးနိမ့်၊ AFC ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်ယူနိုက်တက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးနိမ့်၊ AFC ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ဖေဖော်ဝါရီ ၁၃ ။          ။ မြန်မာကလပ်အသင်းဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းကလပ်ချင်းရိုင်အသင်းကို ဖေဖော်ဝါရီ လ ၁၂ ရက်နေ့က ဂိုးပြတ် ရှုံးနိမ့်သွားခဲ့သောကြောင့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး AFC ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

 ၂၀၁၉ ခုနှစ် အာရှချန်ပီယံလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲ၊ ချင်းရိုင်ယူနိုက်တက်သင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ ပွဲချိန် ၁၂ မိနစ်တွင် ချင်းရိုင်အသင်းမှ ကစားသမား လီယောင်ယဲ က အဖွင့်ဂိုး စတင်သွားယူခဲ့ပြီး ပွဲချိန် ၃၆ မိနစ်တွင် ရန်ကုန်အသင်းအတွက ် ချေပဂိုးကို ပြည့်ဖြိုးဇော်က ပြန်လည်သွင်းယူခဲ့ကာ ချင်းရိုင်အသင်းမှ အနိုင်ဂိုးများကို ပွဲချိန် ၃၉ မိနစ်နှင့် ၈၆ မိနစ်တို့တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ကလပ်အသင်းအနေဖြင့် (၁-၃) နှင့် အဝေးကွင်းတွင် ဂိုးပြတ်ရှုုံးနိမ့်မှုကြောင့် Play Off အဆင့်သို့ ပထမဆုံး အကြိမ် တက်ရောက်မည့် အခွင့်အရေးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

 ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး AFC Cup ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု လတ်တလော သိရသည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖိလစ်ပိုင်ကလပ် ဆီရက်နီဂရို့စ်အသင်းကို အဝေးကွင်းသွင်းဂိုး (၂ -၁ ) ဖြင့် အနိုင်ရရှိခဲ့တာကြောင့် မြန်မာကလပ်အသင်းအနေဖြင့် ပထမဆုံးအကြိမ် ပထမအဆင့်အကြို ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

 အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို မြန်မာကလပ်အသင်းများဖြစ်သော ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ရှမ်းယူနိုက်တက်အသင်း ၃ သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းတစ်သင်းသာ ပထမအဆင့်အကြို ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly