အီကွေဒေါတွင် ချစ်သူများနေ့အမီ နှင်းဆီပန်းများ တင်ပို့ရောင်းချ

အီကွေဒေါတွင် ချစ်သူများနေ့အမီ နှင်းဆီပန်းများ တင်ပို့ရောင်းချ

ဖေဖော်ဝါရီ ၁၃ ။            ။ များမကြာမီမှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် အီကွေဒေါနိုင်ငံ၊ ကာရန်ဘီမြို့မှာ တည်ရှိတဲ့ Dümmen Orange  ပန်းခြံက ဝန်ထမ်းတွေဟာ နှင်းဆီတွေကို ထုတ်ပိုးလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါပန်းခြံမှာ အရောင်အသွေးစုံလင်တဲ့ နှင်းဆီပန်းတွေကို ရရှိနိုင်မှာဖြစ်သလို အခြားမြို့တွေ၊ နိုင်ငံတွေအထိပါ တင်ပို့ရောင်းချပေးနေတဲ့ နှင်းဆီပန်းတွေဖြစ်ကြောင်း သိရှိရပါတယ်။

“နှင်းဆီပန်းတွေအရမ်းခေတ်စားလာတယ်။ ဖက်ရှင်တစ်မျိုးလိုပဲ။ ကိုယ့်ဖောက်သည်တွေ ဘာလိုချင်လဲဆိုတာကို လိုက်ဖြည့်ဆည်းပေးတဲ့ သဘောပါပဲ။”လို့ Dümmen Orange ပန်းခြံရဲ့ ဒါရိုက်တာဖြစ်တဲ့ ဆိုကိုရို မာတီနေက ပြောပါတယ်။

ယင်းသို့ ထုတ်ပိုးကာ တင်ပို့ရောင်းချရာတွင် ခရမ်းရင့်ရောင်နှင်းဆီပန်းမှာ အရောင်းရဆုံးပန်းဖြစ်ကြောင်း၊ အီကွေဒေါ၏ ဆောင်းရာသီမှာ နွေရာသီကဲ့သို့ ပူပြင်းသဖြင့် နှင်းဆီပန်းစိုက်ပျိုးရာတွင် တယုတယစိုက်ပျိုးရကြောင်း၊ ဖေဖော်ဝါရီလဆန်းတွင် ပွင့်ရန် ရည်မှန်းထားသည့် ပန်းများမှာ ဇန်နဝါရီလတွင် ပွင့်နေပြီဖြစ်ကြောင်း ဆိုကိုရို မာတီနေက ဆက်ပြောပါတယ်။

Dümmen Orange  ပန်းခြံအနေနဲ့ ယခုနှစ် ချစ်သူများနေ့မှာ ပန်းအပွင့်ပေါင်း ၂ ဒသမ ၈ သန်းရောင်းချရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly