မန်စီးတီးအသင်းရဲ့ ၆-၀ ဂိုးပြတ်နိုင်ပွဲအပေါ် ဂွာဒီယိုလာနဲ့ ဆာရီတို့ရဲ့ မှတ်ချက်စကားများ

မန်စီးတီးအသင်းရဲ့ ၆-၀ ဂိုးပြတ်နိုင်ပွဲအပေါ် ဂွာဒီယိုလာနဲ့ ဆာရီတို့ရဲ့ မှတ်ချက်စကားများ
Photos: AFP & EPA

မန်စီးတီးအိမ်ကွင်းမှာ ၆-၀ နဲ့ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆာရီက မန်စီးတီးဟာ အရမ်းစွဲဆောင်မှုကောင်းတဲ့ ဘောလုံးကစားဟန်နဲ့ ကစားခဲ့တယ်လို့ အသိအမှတ်ပြုလိုက်ပါတယ်။ မန်စီးတီးရဲ့ နည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ အံ့သြစရာ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူခဲ့သလို ချယ်လ်ဆီးအသင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ဘောလုံးနည်းဗျူတွေဟာ အလုပ်ဖြစ်မြောက်ဖို့ အချိန်လိုအပ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

တနင်္ဂနွေနေ့က မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းဖက် ၂၅ မိနစ်အတွင်း ၄ ဂိုးသွင်းယူခဲ့ပြီး ပွဲအပြီး ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရယူခဲ့မှုနဲ့အတူ တိုက်စစ်မှူး အဂူရိုမှာလည်း ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စီးတီးအသင်းဟာ အမှတ်ပေးဇယားမှာ လီဗာပူးလ်အသင်းကို ဂိုးကွာချက်နဲ့ ထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

တခြားတဖက်မှာတော့ ချယ်လ်ဆီးအသင်းက ဒီရှုံးပွဲကြောင့် ဇယားအဆင့် ၆ နေရာကို ကျဆင်းသွားသလို နည်းပြ ဆာရီရဲ့ အနာဂတ်ဟာလည်း သံသယတွေဖြစ်လာပါတယ်။

ဆာရီကလည်း မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်မှုအတွက် သူ့ရဲ့ချယ်လ်ဆီးနည်းပြအလုပ်ဟာ အန္တရာယ်များလာတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆာရီရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၃ နှစ်စာချုပ်သက်တမ်းက ၈ လထဲသာ ရှိသေးအတွက် နည်းပြရာထူးအတွက် စိုးရိမ်မှုရှိသလားလို့ သူ့ကို မေးမြန်းရာမှာတော့ "ဒါကို ကျနော် မသိပါဘူး။ ခင်ဗျားအနေနဲ့ ကလပ်အသင်းကိုသာ မေးသင့်ပါတယ်။"လို့ ဖြေကြားခဲ့ပါတယ်။

"ကျနော့်အသင်းရဲ့ အနာဂတ်နဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိပါတယ်။ ဒါပေမယ့် ကျနော်ရဲ့အလုပ်ဟာ အမြဲတမ်း အန္တရာယ်တွေနဲ့ ရှိနေပါတယ်။"လို့ သူက ပြောပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့လည်း ဆာရီက "ကျနော်တို့ဟာ ၄ မိနစ်မှာပဲ အဖွင့်ဂိုးပေးလိုက်ရပါတယ်။ ဒါက တကယ်ရူးသွပ်မှုပါပဲ။ မန်စီးတီးကို နေရာလွတ်တွေ မပေးဖို့ဆိုတာ ကျနော်တို့အတွက် အရမ်းခက်ခဲ့ခဲ့ပါတယ်။ အဲဒီအတွက် ပွဲချိန်အတွင်းမှာ သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ခဲ့တာပါ။ ကျနော်တို့ဟာ ပြိုင်ဖက်အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်းမှာ အမှားများစွာလုပ်ခဲ့ပါတယ်။ မန်စီးတီးဟာ တကယ်အရမ်းကောင်းတဲ့ ဘောလုံးကစားဟန်နဲ့ ကစားခဲ့ပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စီးတီးနည်းပြ ဂွာဒီယိုလာက ချယ်လ်ဆီးတာဝန်ရှိသူတွေအနေနဲ့ ဆာရီကို ယုံကြည်မှုအပြည့်ပေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ကတ်သလန်နည်းပြဟာလည်း စီးတီးအသင်းမှာ သူ့ရဲ့ ပထမရာသီဖြတ်သန်းရာမှာ ခက်ခဲခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီက စံချိန်တင်ရမှတ် ၁၀၀ နဲ့ ပရီးမီယားလိဂ်ဖလားဆွတ်ခူးအောင် မန်စီးတီးကို ဦးဆောင်မပေးသေခင်က ကလပ်အသင်းရဲ့ အားကစား ဒါရိုက်တာနဲ့ သူ့ရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဘီဂရက်စတန်းတို့ရဲ့ ယုံကြည်မှုတွေကို အမြဲတမ်း ရယူထားခဲ့ပါတယ်။

"ကျနော့်ရဲ့ ပထမရာသီဟာလည်း ခက်ခဲခဲ့ပါတယ်။ တချို့အချိန်တွေမှာ ကျနော်တို့ ကောင်းကောင်း ကစားခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း တသမတ်တည်း မဟုတ်ပါဘူး။ လူတွေက နည်းပြ ရောက်လာမယ်၊ ကစားသမားတွေ ဝယ်မယ်၊ ပြီးတော့ ဒါတွေ ချက်ချက်ကြီး ဖြစ်လာမယ်လို့ မျှော်လင့်ကြပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ဒါကို အချိန်ပေးဖို့လိုအပ်ပါတယ်။ ကျနော် မန်စီးတီးကို ရောက်လာခြင်းရဲ့ အဓိက အကြောင်းပြချက်က ကျနော့်ရဲ့ သူဋ္ဌေးတွေ၊ ဥက္ကဋ္ဌ၊ အထူးသဖြင့် ဘီဂရက်စတန်းတို့ကြောင့်ပါ။ ကျနော်မှာ သူ့ကို သဘောကျအောင် လုပ်နိုင်ဖို့ မရှိပါဘူး။ ဒါကိုလည်း သူ သိပါတယ်။ သူဟာ ကျနော်တော်တယ်ဆိုတာ မယုံကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ နိုင်တယ်။ ပြီးတော့ စိုးရွားပြီး ရှုံးနိမ့်ပြန်လို့ပေါ့။"သူက ဆိုပါတယ်။

လီဗာပူးလ်အသင်းဟာ ကစားဖို့ လက်ကျန်တစ်ပွဲ ကျန်ရှိနေပေမယ့် ပြီးခဲ့တဲ့ အပတ်တွေက လက်စတာနဲ့ ဝက်စ်ဟမ်းတို့ကို ရင်ဆိုင်ရာမှာတော့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိချန်ပီယံ စီးတီးဟာ ဆယ်စုနှစ်တစ်ခုအတွင် ပရီးမီးယားလိဂ်ချန်ပီယံကို ပြန်လည် ထိန်းသိမ်းတဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ ကြိုးစားလာတော့မှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly