နယူးဇီလန်မှာ တောမီးများ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေ

နယူးဇီလန်မှာ တောမီးများ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေ

ဖေဖော်ဝါရီ ၁၁ ။           ။ နယူးဇီလန်နိုင်ငံမှာ တောမီးများ လောင်ကျွမ်းနေလျက်ရှိပြီး ယင်းတောမီးတွေကတော့ လာမယ့် သီတင်းပတ်တွေအထိ ဆက်လက်လောင်ကျွမ်းနေဖွယ် ရှိကြောင်း မီးသတ်သမားတွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

သို့ပေမယ့်လည်း တောမီးတွေက လူနေဧရိယာတွေနဲ့ ဝေးရာဘက် ရောက်သွားနေတဲ့အတွက် ပြီးခဲ့တဲ့ရက်က ဘေးလွတ်ရာ တိမ်းရှောင်နေသူတွေကိုလည်း ၎င်းတို့ရဲ့နေအိမ်တွေဆီ ပြန်လာခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

တောင်ပိုင်းကျွန်း နယ်လ်ဆင်ဒေသအနီးမှာ တောမီးတွေ လောင်ကျွမ်းခဲ့မှုကြောင့် အနီးအနားမှာ နေထိုင်တဲ့ ပြည်သူ ၃,၀၀၀ ကျော်လောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင် လောင်ကျွမ်းနေခဲ့တဲ့ တောမီးတွေကြောင့် ခန့်မှန်းခြေအားဖြင့် ဟက်တာပေါင်း ၂,၃၀၀ (၅,၇၀၀ ဧက) လောက် လောင်ကျွမ်းပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အခြေအနေက တည်ငြိမ်လာပြီ ဖြစ်ပေမယ့် တောမီးတွေကို ဘယ်အချိန်မှာ အပြည့်အဝ ထိန်းချုပ်နိုင်မယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ ပြောဖို့ စောနေသေးကြောင်း မီးသတ်ဌာနအကြီးအကဲ ဂျွန် ဆက်တန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly