SEA E-sports စျေးကွက်ကို ထိုးဖောက်ရန်နှင့် ပိုမိုခိုင်မာလာစေရန် Moontoon ကုမ္ပဏီနှင့် Paris. Saint-Germain ဘောလုံးအသင်းကြီးပူပေါင်း

SEA E-sports စျေးကွက်ကို ထိုးဖောက်ရန်နှင့် ပိုမိုခိုင်မာလာစေရန် Moontoon ကုမ္ပဏီနှင့် Paris. Saint-Germain ဘောလုံးအသင်းကြီးပူပေါင်း

အရှေ့တောင်အာရှနာမည်အကြီးဆုံးဂိမ်းများထဲမှတစ်ခုဖြစ်တဲ့ Mobile Legends Bang Bang (MLBB) ဂိမ်း၏ တည်ထောင်သူ ရှန်ဟိုင်းမြို့ Moonton Technology ကုမ္ပဏီလီမိတက် (Moonton) နှင့် Paris. Saint-Germain (PSG) ဘောလုံးအသင်းကြီးတို့ ပူးပေါင်းရန်တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ထို PSG ဘောလုံးအသင်းကြီးမှာ ကမ္ဘာပေါ်တွင်အထင်ရှားဆုံးနှင့် ဂုဏ်သတင်းအကြီးမားဆုံး ဘောလုံးအသင်းကြီးများထဲမှ တစ်သင်းအပါအဝင်ဖြစ်သည်သာမက E-sports နယ်ပယ်အတွင်းတွင်ပထမဆုံး အကြိမ်ကြီးမှူးကျင်းပခြင်းလဲဖြဟ်သည်။ ဒါ့အပြင် E-sports ပြိုင်ပွဲနယ်မြေတခွင်မှာလည်း ဆုတံဆိပ်များစွာခူးဆွတ်နိုင်ခဲ့သည့် အင်အားအကြီးမားဆုံးပြိုင်ပွဲဝင်အသင်းကြီး အဖြစ်သမိုင်းသစ်စခဲ့တယ်။

ဖေဖော်ဝါရီလ ၈ရက်နေ့ သောကြာနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ PSG နှင့် MLBB တို့၏ ပူးပေါင်းမှုကို အခမ်းအနားဖွင့်လှစ်ခြင်း အထူးအစီအစဉ်အဖြစ်ကျင်းပခဲ့တယ်။ ထိုအခမ်းအနားတွင် E-sports လုပ်ငန်း၏ခေါင်းဆောင်များဖြစ်ကြသော PSG အသင်းကြီး၏ Managing Director အဖြစ် Sebastien Wasels၊ Rex Regum Qeon (RRQ) ၏ CEO အဖြစ် Andrian Pauline၊ beIN Asia Pacific မှ Head of Marketing & Communication အဖြစ် Magdalene Ng နှင့် အထူးဧည့်သည်များဖြစ်ကြသော PSG ကစားသမားဟောင်းများ နှင့် ထိပ်တန်းကစားသမားကြီး Augustine Azuka Jay-Jay Okocha တို့မှတက်ရောက်ခဲ့ကြတယ်။

ပြီးခဲ့သော ကျမ်းသစ္စာကျိန်ဆိုအခမ်းအနားဖွင့်ပွဲတွင် PSG အသင်းကြီးက သူတို့ရဲ့ Mobile Legends အဖွဲ့ PSG.RRG၊ အရင်က Rex Regum Quem သို့မဟုတ် RRQ လို့အတိုကောက် လို့ လူသိများကြတဲ့အဖွဲ့ကို တရားဝင် ကြော်ငြာလိုက်ပါတယ်။ ထိုအဖွဲ့ကို Mobile Legends Bang Bang Professional League (MPL) ရဲ့ နိုင်ငံပေါင်းစုံက အနိုင်ရရှိသူများနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ အခုဆို သူတို့တွေက MLBB တွင် ပထမဆုံးနေရာကိုရဖို့အတွက် နှင့် နယ်ပယ်ဒေသအလိုက် E-Sports ပြိုင်ပွဲတွေမှာ နာမည်အကြီးဆုံးဖြစ်အောင် ကြိုးစားနေကြပါပြီ။

အတိုင်းအတာတစ်ခုအားဖြင့် PSG ရဲ့ နာမည်ကျော်ကြားတဲ့ ဘောလုံးအသင်းဟာ ကမ္ဘာအနှံ့ဘောလုံးအားကစားပြိုင်ပွဲများတွင် များစွာသောအောင်မြင်မှုများကို ရရှိခဲ့ပြီး ယခုအခါတွင်လဲ E-sports ပြိုင်ပွဲများကို စတင်ဝင်ရောက်လာခဲ့ပြီး ချန်ပီယံဆုများကိုလဲ မကြာခဏဆိုသလို ရရှိသော အဖွဲ့ဖြစ်ပါတယ်။

တစ်ဖက်မှာလဲ ၂၀၁၆ ခုနှစ်အစပိုင်းတွင် Mobile Legends Bang Bang သည် ကစားသမားတွေဆီက အများအပြားသော စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး တစ်ကမ္ဘာလုံးကို သိမ်းယူနိုင်ခဲ့ပါတယ်။ MLBB ကအရင်ကထက် ပိုပြီး အောင်မြင်မှုတွေကိုရရှိလာခဲ့တယ်။ စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်ညွှန်း၊ သူမတူထူးကဲစွာ ဖန်တီးထားသော ရှုခင်းများနဲ့ ပတ်ဝန်းကျင်များ၊ စိတ်ကူးယဉ်ဆန်ဆန်ဖန်တီးထားသော လက်နက်များ၊ ဆန်းကြယ်သော ဇာတ်ကောင်များအပြင် MLBB သည် မြန်မာနိုင်ငံမှ ကစားသမားများ၏ မျိုးချစ်စိတ်ကို ဖော်ပြလိုသောအားဖြင့် အထူးတလည်ဖန်တီးထားသော ရှေးခေတ် ဇာတ်ကောင်ကိုပါ ဖန်တီးထားပါတယ်။ ဥပမာအားဖြင့် သမိုင်းရာဇဝင်ထဲက မြန်မာနိုင်ငံကလူကြိုက်များသော ဇာတ်ကောင်ဖြစ်သည့် မင်းစစ်သား (Minsittar) ကို သဘောကျနှစ်သက်သောပရိသတ်ဦးရေမှာ လွန်ခဲ့သောနှစ်က တစ်လလျှင် ဦးရေ မီလီယံနဲ့ချီရှိပါသည်။

ထိုအချိန်အတောအတွင်းတွင် Myanmar E-Sports လုပ်ငန်းရဲ့ ခေတ်သစ်ဖြစ်သော MPL Myanmar Season 1 ကို မနှစ်ကအောင်မြင်စွာကျင်းပနိုင်ခဲ့သည်။၎င်းကတော့ မြန်မာကစားသမားပရိသတ်တွေကိုအားရဝမ်းသာစေပြီး MPL Myanmar Season က မြန်မာနိုင်ငံရဲ့ တိုးတတ်ဖို့အလားအလာရှိသော E-sports လုပ်ငန်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ကစားသမားတွေဆီက ပြသခဲ့ပါတယ်။

SEA E-Sports နယ်ပယ်အတွက် MLBB မှ ဘာစိတ်ဝင်စားဖွယ်တွေ တီထွင်မှုအသစ်တွေသယ်ဆောင်လာဦးမလဲ။ E-sports လုပ်ငန်းအတွက် ကြီးမားသောတိုးတက်မှုကို မြန်မာကအဆင်သင့်ဖြစ်နေပြီလား။ ကျွန်ုပ်တို့လေ့လာကြည့်သလောက်တော့ ထိုအရာကဒီထက်ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းလာဖို့ပဲရှိပါတယ်။ မြန်မာ E-sports ပြိုင်ပွဲရဲ့ ရှေ့လျှောက် တိုးတက်မှုတွေကို စောင့်ကြည့်ကြပါစို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly