ဝီဂါ လူမျိုးတွေအပေါ် တရုတ်ရဲ့ ဆက်ဆံမှု တူရကီ ပြစ်တင်ရှုတ်ချ

ဝီဂါ လူမျိုးတွေအပေါ် တရုတ်ရဲ့ ဆက်ဆံမှု တူရကီ ပြစ်တင်ရှုတ်ချ

ဖေဖော်ဝါရီ ၁၀ ။            ။ မွတ်ဆလင် ဝီဂါ တိုင်းရင်းသား လူမျိုးစုတွေအပေါ် တရုတ်ရဲ့ ဆက်ဆံကိုင်တွယ်ပုံနဲ့ပတ်သက်လို့ တူရကီဘက်က ဖေဖော်ဝါရီ ၉ ရက်မှာ အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 တရုတ်တို့ရဲ့ ဆက်ဆံမှုဟာ လူသားချင်းစာနာမှုအတွက်အကြီးအကျယ် အရှက်ရစရာဖြစ်တယ်လို့ တူရကီက ဆိုပါတယ်။

တရုတ်မှာ တူရကီ စကားပြော လူနည်းစုအပေါ် အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားမှုတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင်ထားခဲ့တာဖြစ်ပါတယ်။

“ ဝီဂါတူရကီတွေကို တရုတ်အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံက တကယ့်ကို အရှက်ရစရာပါ” ဆိုပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟာမီ အက်စ်ဆွိုင်က ပြောသွားပါတယ်။

ဝီဂါ လူမျိုး အများစု နေထိုင်ရာ တရုတ် အနောက်မြောက်ပိုင်း ရှန်ကျန်းပြည်နယ်မှာတော့ ပြင်းထန်တဲ့ လူမျိုးရေး တင်းမာမှုတွေ ဖြစ်ပြီး နှစ်များစွာကြာ ရဲအစောင့်အကြပ် ထူထဲစွာ ချထားခဲ့တာဖြစ်ပါတယ်။

ဝီဂါ လူမျိုး တစ်သန်းနီးပါးနဲ့ အခြား တူရကီစကားပြော လူနည်းစုတွေဟာ တရုတ်မှာ ပြန်လည်ထိန်းသိမ်းရေး ကမ့်စခန်းတွေမှာ ထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags