သုံးနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်း ၂၈ရာခိုင်နှုန်းတိုးတက်လာ

သုံးနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်း ၂၈ရာခိုင်နှုန်းတိုးတက်လာ

ဖေဖော်ဝါရီ ၉ ။        ။ မြန်မာနိုင်ငံ၏အထည်ချုပ် လက်ခစားလုပ်ငန်းသည် ၂၀၁၆ခုနှစ်မှ စတင်ကာ သုံးနှစ်အတွင်း ၂၈ရာခိုင်နှုန်း တိုးတက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကပြောသည်။

 "လက်ရှိအစိုးရတက်လာတဲ့ ၂၀၁၆ကစပြီးတော့ GSP အခွင့်အရေးရပါတယ်။ အရင်ပိတ်ထားပါတယ်။ GSP ရတဲ့ အတွက် ဥရောပနိုင်ငံတွေက အထည်ချုပ်လုပ်ငန်းတွေကို ကျွန်တော်တို့အကောက်ခွန်ကင်းလွတ်ခွင့်ပေးတဲ့အ တွက် ၂၀၁၆ကစပြီးတော့ CMP လုပ်ငန်းဟာ ၂၈ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်" ဟု ဦးဇော်အေးမောင် က ပြောသည်။

 အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်မှု သက်မွေးသင်တန်းကျောင်း ထူးချွန်ကျောင်းသားများ၊ အောင်မြင်မှုနှင့် ပူး ပေါင်းဆောင်ရွက်သည့် စက်ရုံများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ရက်က ကုန် သည်စက်မှုအသင်းချုပ်(UMFCCI) တွင်ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

 လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းမှ ပြည်ပတင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဘီလီယံရရှိနေပြီး လာ မည့် ၂၀၂၀-၂၀၂၂တွင် အမေရိကန်ဒေါ်လာ ၈ဘီလီယံမှ ၁ဝဘီလီယံအထိ တိုးတက်နိုင်ရန် ရည်မှန်းထား ကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလအထိ အထည်ချုပ်စက်ရုံ ၃၅၆ရုံ ရှိပြီး အထည်ချုပ်အလုပ်သမားဦးရေ နှစ်သိန်းတစ်သောင်းကျာ်ရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ ၃၁ဝခု ရှိနေပြီး အထည်ချုပ် အလုပ်သမားဦးရေ တစ်သိန်းခုနစ်သောင်းကျော်ရှိကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

 "CMP အထည်ချုပ်လုပ်ငန်းမှာရှိတဲ့ လုပ်သားအများစုဟာ စနစ်တကျလေ့ကျင့်သင်ကြားပေးနေတဲ့ အထည်ချုပ် သင်တန်းများမှာ တက်ရောက်ထားတာမရှိတာတွေ့ရပါတယ်။ ကျွမ်းကျင်မှုအသိမှတ်ပြုလက်မှတ်နဲ့ သင်တန်း ဆင်းလက်မှတ်တွေလည်းမရှိဘဲနဲ့ လုပ်ငန်းခွင်မှာဝင်ရောက်ပြီးတော့မှ လုပ်ငန်းခွင်အတွေ့အကြုံနဲ့ လုပ်ဆောင် နေတာကိုလည်း များသောအားဖြင့်တွေ့ရှိရပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ ဝင်ရောက်လာတာနဲ့အမျှ အထည်ချုပ်လုပ်ငန်းများအပါအဝင် အခြားအလုပ်အကိုင်များမှာ စနစ်တကျနဲ့ လေ့ကျင့်သင်ကြားထားတဲ့ ကျွမ်းကျင်တဲ့လုပ်သားများ အထူးဘဲလိုအပ်ပါတယ်" အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကပြောသည်။

 အထည်ချုပ်လုပ်ငန်းသည် မြန်မာ့လုပ်သားစျေးကွက်တွင် အလုပ်အကိုင်အခွင့်အလမ်းအများဆုံးဖန်တီးပေးနိုင် သည့် အသက်မွေးဝမ်းကြောင်းဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အ နေဖြင့် သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များ ပူးပေါင်းပါဝင် သော မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးအဖွဲ့(NSSA)တွင် တာဝန်ခံဝန်ကြီးဌာန(Focal Ministry) အဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly