အာဆီယံ ယူ -၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ ယူ- ၂၂ အသင်းနှင့် ဧရာဝတီအသင်း ခြေစမ်းမည်

အာဆီယံ ယူ -၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ ယူ- ၂၂ အသင်းနှင့် ဧရာဝတီအသင်း ခြေစမ်းမည်
Photo-thura

ရန်ကုန်၊ ဖေဖော်ဝါရီလ ၉ ။           ။ အာဆီယံ ယူ -၂၂ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် ယူ - ၂၂ ဘောလုံးအသင်းသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ ့ တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်မှ သိရသည်။

အဆိုပါခြေစမ်းပွဲကို ရန်ကုန်ယူနိုက်တက်အသင်း၏အိမ်ကွင်းဖြစ်သော လှိုင်မြို့နယ်ရှိ Yangon United Sports Compiex တွင် ယှဉ်ပြိုင်ကစားမည့်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ -၂၂ အသင်းသွားရောက်ကစားရမည့် ကမ္ဘာဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ဘောလုံးကွင်းသည် မြက်ခင်း အတုကွင်း ဖြစ်သောကြောင့် ခြေစမ်းပွဲကို ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်းတွင် ကစားရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာလက်ရွေးစင် ယူ - ၂၂ အသင်းသည် သုဝဏ္ဏဘောလုံးကွင်းအတွင်းရှိ စက်ဘီး အား ကစားကွင်း နှင့် အာကစားကွင်း ၂ (မြက်ခင်းအတုကွင်း )တို့တွင် လေ့ကျင့်နေပြီး၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် (AFF U-22 Championship 2019) ဘောလုံး ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

 ဧရာဝတီအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ဖေဖော်ဝါရီ ၁၇ မှ ၂၆ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် (AFF U-22 Championship 2019) အတွက် အပြီးသတ်ကစားသမား၂၃ ဦးကို ရွေးချယ်သွားမည် ဟုသိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘာဒီးယား ၊ မလေးရှား ၊ အင်ဒိုနီးရှား စသော အသင်းများဖြင့် အုပ်စု B တွင် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly