မီးပွိုင့်ပျက်နေစဉ် ၁၂ ဘီးယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံး

မီးပွိုင့်ပျက်နေစဉ် ၁၂ ဘီးယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံး
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ဖေဖော်ဝါရီ ၈ ။             ။ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖေဖော်ဝါရီ ရရက်နေ့၌ ၆၂ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံ၌ မီးပွိုင့်မီးပျက် နေစဉ် အရှေ့မှ အနောက်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်နှင့် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်တို့ ဝင်ရောက်တိုက်မိခဲ့ရာမှ လူ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလရ ရက်နေ့ ည ၁၂နာရီ ၁၀ အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံ၌ မီးပွိုင့်မီးပျက်နေစဉ် အရှေ့မှ အနောက်သို့ အသက်(၂၈)နှစ်အရွယ် ကိုဖြိုး (ခ)ပြည့်ဖြိုးအောင် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်နှင့် မြောက်မှ တောင်သို့ ယာဉ်မောင်း အသက် (၂၅)နှစ် နိုင်လင်းဟန် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အသက် (၂၆)နှစ်အရွယ် ဖြိုးဇာနည်အောင် လိုက်ပါလာသည့် ၁၂ ဘီးယာဉ်တို့ ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်း ကိုဖြိုးမောင်းနှင်သည့် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကနောင်မင်းသားကြီးလမ်း တောင်ဘက်ခြမ်း၌ ရပ်ထားသော အသက်(၄၀)နှစ်အရွယ် ကျော်ခိုင်ဦး၏ ဆိုင်ကယ်အပါအဝင် ၄ စီးနှင့် ဒေါ်ခင်အုန်းလှိုင်၏ နေအိမ်အရှေ့ဘက်ခြမ်းကိုလည်းကောင်း ယာဉ်မောင်း ဖြိုးဇာနည်အောင် မောင်းနှင်လာသည့် ယာဉ်မှာ ဒေါ်ခင်အုန်းလှိုင်၏နေအိမ် မြောက်ဘက် ခြမ်းနှင့် မီးပွိုင့်တို့အား အဆင့်ဆင့်တိုက်မိခဲ့သည်။

ထိုယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ၂ စီးပေါ်မှ ကျော်ခိုင်ဦးအပါအဝင် ကျား ၂ ဦးတွင် နဖူး၊ ဦးခေါင်း၊ ရင်ဘတ် ပေါက်ပြဲ၊ ဝမ်းဗိုက်၊ ဆီးခုံပေါက်ထွက်၊ ယာခြေသလုံး ပြတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာ နေရာ၌ သေဆုံး ခဲ့သည်။

ထို့အပြင် ၁၂ ဘီးယာဉ် ၂ စီးပေါ်မှ ယာဉ်မောင်း ကိုဖြိုး(ခ) ပြည့်ဖြိုးအောင်အပါအဝင် ကျား ၄ ဦးတွင် ဝဲချို စောင်း၊ နဖူး၊ မျက်ခုံး၊ ပုခုံးဖူးရောင်ပေါက်ပြဲဒဏ်ရာ များ(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး အဆိုပါ သေဆုံးသူများနှင့် ဒဏ်ရာ ရရှိသူများကို  မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ၁၂ဘီးယာဉ်မောင်း ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်နှင့် နိုင်လင်းဟန်တို့ ၂ ဦးကို စက်မှုနယ်မြေရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly