U -22 အသင်းမှ ကစားသမားများ နည်းစနစ်ပိုင်း နှင့်ကြံခိုင်မှုများ ယခင်ထက် ပိုမိုတိုးတက်

U -22 အသင်းမှ ကစားသမားများ နည်းစနစ်ပိုင်း နှင့်ကြံခိုင်မှုများ ယခင်ထက် ပိုမိုတိုးတက်

ဖေဖော်ဝါရီလ ၈ ။            ။ AFF U-22 Championship 2019 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာလက်ရွေးစင် U-22 အသင်းတွင် ရွှေးချယ်ခံထားရသည့် ကစားသမား များသည် နည်းစနစ်ပိုင်းနှင့် ကြံခိုင်မှုအပိုင်းများတွင် ယခင်ကထက် ပိုမိုးတိုးတက်လာကြောင်း U-22 အသင်း ၏ လက်ထောက်နည်းပြ ဦးစိုးမြတ်မင်း ကပြောသည်။

 မြန်မာလက်ရွေးစင် U-22 အသင်းသည် AFF U-22 Championship 2019 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ကာစခန်းသွင်း လေ့ကျင့်နေပြီး ကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ လက်ထောက်နည်းပြဖြစ်သူက မှတ်ချက်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

"လက်ရှိအချိန်မှာ ကျွန်တော်နဲ့ ၁ပတ်အတွင်း တွဲပြီး  အလုပ်လုပ်နေရတဲ့ နည်းပြချုပ် ပိုပေါ့ဗ် က ကစား သမား တွေရဲ့ကြံခိုင်မှု နဲ့ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို အမြင့်ဆုံးရောက်အောင် ဆွဲခေါ်နေပြီး ကစားသမားများရဲ့ စွမ်းဆောင်နိုင်စွမ်းကိုလည်းအမြင့်ဆုံးရောက်အောင် လုပ်နေတာတော့တွေ့ရပါတယ်။ပိုပေါ့ဗ် ရဲ့နည်းစနစ်ပိုင်း အရတော့ ဘောလုံးတွေကိုအမြန်ကစားတာပေါ့ ။ခြေထောက်ထဲမှတော့မထားနဲ့။ရတဲ့ရက်လေးအတွင်းမှာ Video တွေ့လေ့လာတယ် ။ပြီးရင်ကစားသမားတွေနဲ့ဆွေးနွေးပြီး ကွင်းထဲမှာ ပြန်လေ့ကျင့်တယ် ။ ကစားသမားတွေကတော့ ကြံခိုင်မှုနဲ့နည်းစနစ်ပိုင်းအရတော့ တိုးတက်လာပါတယ်" ဟုဦးစိုးမြတ်မင်းက မဇ္ဇိုမ သတင်းဌာန ကိုဖြေကြားခဲ့သည်။

 မြန်မာလက်ရွေးစင် U-22 အသင်းသည် ဖေဖော်ဝါရီ ၁၇ မှ ၂၆ နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြူလုပ်သွားမည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် (AFF U-22 Championship 2019) ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင်ကမ္ဘာဒီးယား ၊မလေးရှား ၊အင်ဒိုနီးရှား အသင်းတို ့ဖြင့် အုပ်စု B တွင် ကျရောက်နေခြင်း ဖြစ်သည်။

" အသင်းအနေနဲ့တော့ အမြင့်ဆုံးကိုရောက်အောင်သွားပါမယ်။ကစားသမားတွေရော နည်းပြအဖွဲ့ဝင်တွေရော အစွမ်းကုန်ကြိုးစားနေပါတယ် " ဟု ဦးစိုးမြတ်မင်းက ဆက်ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းတွင် ပဏာမ ကစားသမား ၂၉ ဦးဖြင့်ပါဝင်ဖွဲ့စည်းထားပြီး ကစားသမား အများစုမှာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှ ကစားသမား ၂၇ ဦး၊ အား/ သိပ္ပံ မှ ၁ ဦး နှင့် MFF U-၁၉ အသင်းမှ ၁ဦး တို့ကို ပမဏရွေးချယ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly