အင်္ဂလိပ်ရေလက်ကြားအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းမှာ ဆာလာဖြစ်တယ်လို့ အတည်ပြု

အင်္ဂလိပ်ရေလက်ကြားအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းမှာ ဆာလာဖြစ်တယ်လို့ အတည်ပြု
Photos: AFP

အင်္ဂလိပ်ရေလက်ကြားအတွင်းမှာ ပျက်ကျသွားတဲ့ နစ်မြုပ်  လေယာဉ် ကျိုးပျက်အပိုင်းအစတွေထဲကနေ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းမှာ ကာဒစ်ဖ်ကစားသမား အမ်မလီယာနို ဆာလာရဲ့အလောင်းဖြစ်ကြောင်း ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။

အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးရဲ့ ရုပ်အလောင်းကို လေယာဉ်ပျောက်ဆုံးသွားတဲ့ ဗြိတိန်ကျွန်းစု ဂရန်ဇီးအနီးမှာ အဝေးထိန်းချုပ်ယာဉ်ငယ် (ROV) နဲ့ ကယ်ဆယ်ရေးတွေက တနင်္ဂနွေနေ့က အနီးကပ် ပထမဆုံး တွေ့ရှိခဲ့ပါတယ်။

ဒီလူသေအလောင်းကို ဗုဒ္ဓဟူးနေ့မှာ ရှာဖွေခဲ့အပြီး ကြာသပတေးနေ့မှာ Geo Ocean III ကမ်းလွန်ထောက်ပံ့ရေးယာဉ်ရှိတဲ့ အင်္ဂလန်တောင်ပိုင်းရှိ ပေါ့လန်းဆီ သယ်ဆောင်သွားခဲ့ပါတယ်။

"ဆယ်ယူထားတဲ့ ရုပ်အလောင်းတစ်ခုကိုတော့ ပေါ့လန်းဆိပ်ကမ်းဆီ ဒီကနေ့ သွယ်ဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ ဆယ်ယူလာတဲ့ ရုပ်အလောင်းကို ဆေးစစ်မှူတွေ ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါဟာ ဘောလုံးသမား ဆာလာရဲ့ ရုပ်အလောင်းဆိုတာ တရားဝင်အတည်ပြုလိုက်ပါတယ်။"လို့ ရဲတပ်ဖွဲ့က တွစ်တာပေါ်မှာ ဖော်ပြထားပါတယ်။

"မစ္စတာ ဆာလာနဲ့ လေယာဉ်မှူး ဒေးဗစ် အစ်ဘွတ်ဆင်တို့ရဲ့ မိသားစုဝင်တွေဆီကို ရရှိထားတဲ့ အချက်အလက်တွေကို ပေးပို့းထားပါတယ်။ ကျနော်တို့အားလုံးလဲ ကျန်ရစ်တဲ့ မိသားစုဝင်တွေနဲပအတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။"လို့ ရဲ့တပ်ဖွဲ့က ပြောပါတယ်။

ရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိန်ရဲ့ လေကြောင်းမတော်တဆမှုဖြစ်ရပ်များ စုံစမ်းစစ်ဆေးရေးဌာန (AAIB)က ရာသီတု ဆိုးဝါးမှုကြောင့် လေယာဉ်ရှာဖွေရေးလုပ်ငန်းတွေ အားလုံးကို ရပ်နားလိုက်တယ်လို့ ဆိုပါတယ်။

ဆာလာဟာ နန့်တက်စ်အသင်းကနေ ကာဒစ်ဖ်အသင်းကို ယူရို ၁၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ပိုက်ပါမာလီဘူး (Piper PA-46 Malibu) လေယာဉ်နဲ့ နန့်တက်စ်ကနေ ဝေးလ်ဆီကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အဆိုပါလေယာဉ်ငယ်ဟာ ချန်နယ်ကျွန်းစုထဲက ဂရန်ဇီးကျွန်းရဲ့ မြောက်ဖက် ကီလိုမီတာ ၂၀ ဝန်းကျင်မှာ ရေဒါအဆက်အသွယ် ပြတ်တောက်ကာ လမ်းပျောက်သွားခဲ့တာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly