ဂျင်းကောင်ဇာတ်ရုပ်ကြောင့် လူသိများသွားလို့ ဆက်ရိုက်ဖြစ်တယ်ဆိုတဲ့ “ဂျင်းကောင်” ရုပ်ရှင်

ဂျင်းကောင်ဇာတ်ရုပ်ကြောင့် လူသိများသွားလို့ ဆက်ရိုက်ဖြစ်တယ်ဆိုတဲ့ “ဂျင်းကောင်” ရုပ်ရှင်

ဖေဖော်ဝါရီ ၇၊ ရန်ကုန် ။            ။ ဂျင်းကောင်ဇာတ်ရုပ်ကြောင့် လူသိများသွားလို့ “ဂျင်းကောင်” ရုပ်ရှင်ကား ဆက်ရိုက်ဖြစ်တာလို့ ဒါရိုက်တာ ကိုပေါက်က  ပြောပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က သမ္မတရုပ်ရှင်ရုံတွင်ပြုလုပ်ခဲ့တဲ့ Red Carpet Show မှာ သူက ပြောခဲ့တာပါ။

“ဒါကတော့ ပရိသတ်က ရှေ့ကဗီဒီယိုမှာတည်းက တစ်နိုင်ငံလုံးမြင့်မြတ်ကို ဂျင်းကောင်ဆိုပြီးတော့ ဖြစ်သွားခဲ့တဲ့ ကာရိုက်တာတစ်ခုကို ကျွန်တော်အခု ရုပ်ရှင်အဖြစ် ဖန်တီးပြီးသွားလို့ ရုံပေါ်ရောက်တော့မယ် ပေါ့နော်။ အဲ့တော့ မြင့်မြတ်ပရိသတ်ရော၊ ကျွန်တော့် ပရိသတ်ရော ထွေထွေထူးထူးတော့ ပြောစရာ မလိုဘူးထင်ပါတယ်။ မြင့်မြတ်ကာရိုက်တာက ပေါက်ပြီးသားဖြစ်တဲ့အတွက် အရင်တုန်းက ဂျင်းကောင် ကြည့်တုန်းကလို ပရိသတ်တွေ ရယ်ရမယ့် အကြောင်းအရာလေးတွေ ကျွန်တော်ထပ်ပြီးထပ်ထားပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။

“ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ” ဗီဒီယိုတွင် အောင်ဒင်ဇာတ်ရုပ်နဲ့ “ ဒိုးခပါပဲကသရုပ်ဆောင်ခဲ့တဲ့ မြင့်မြတ်ရဲ့ ထူးခြားတဲ့ စကားပြောဟန်ကြောင့် ပရိသတ်တွေက ဂျင်းကောင်ဆိုပြီး လူသိများခဲ့တာလည်း ဖြစ်ပါတယ်။

“ဂျင်းကောင်” ရုပ်ရှင်ကားကို ဆင်ဆာဖြတ်တာ တွေရှိတာကြောင့် ရယ်စရာ နည်းနည်းပေါ့သွားတယ်လို့ သရုပ်ဆောင်မြင့်မြတ်က  ပြောပါတယ်။

 “မတူတော့ မတူဘူးပေါ့ဗျာ။ ဗီဒီယိုကတော့ နည်းနည်း Plot နည်းတာပေါ့။ ဒီဟာကတော့ Plot များတယ်။ နောက်ပြီး ဆင်ဆာလည်း တော်တော်ဖြတ်တယ်ဗျ ဒီကားက။ တစ်ချို့ တော်တော်ရယ်ရတဲ့ Scene တွေ ဆင်ဆာဖြတ်လို့ ပါသွားတာတွေ ရှိတယ်။ အရမ်းနှမြောဖို့ ကောင်းတယ်’’ လို့ မြင့်မြတ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စပြီးရုံတင်မဲ့ “ဂျင်းကောင်” ရုပ်ရှင်ကားမှာ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ အိချောပို၊ ခိုင်သင်းကြည်နဲ့ အေးဝတ်ရည်သောင်း တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကိုပေါက်က ရိုက်ကူးထား တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly