ဧရာဝတီတိုင်းဒေသကြီးတွင် ရေနက်ဆိပ်ကမ်း လုပ်ဆောင်ရန် စမ်းသပ်မှုများ ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီးတွင် ရေနက်ဆိပ်ကမ်း လုပ်ဆောင်ရန် စမ်းသပ်မှုများ ဆောင်ရွက်နေ

ပုသိမ်၊ ဖေဖော်ဝါရီ ၇ ။         ။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေနက်ဆိပ်ကမ်းလုပ်နိုင်သော နေရာနှစ်နေရာတွေရှိထားကြောင်းနှင့် ရေနက် ဆိပ်ကမ်းဖြစ်လာရန် စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင် ကပြောသည်။

“အခုခေတ်မှာဆိုရင် နိုင်ငံခြားသယ်ယူပို ့ဆောင်ရေးက အဓိကရေလမ်းဖြစ်တယ်။ ရေလမ်းခရီးကိုလုပ်ဖို ့ အင်မတန်မှအားကောင်းတယ်။ ကမ်းရိုးတန်းကြီးပိုင်ဆိုင်ထားတယ်။ မော်တင်စွန်းက ဂွ အနားအထိဆို မိုင်တစ်ရာလောက်ရှိတယ်။ အဲဒီနေရာတွေမှာ စမ်းသပ်မှု လုပ်ထားတယ်။ ရေနက်ဆိပ်ကမ်းလုပ်ဖို ့အတွက် နှစ်နေရာလောက်တွေ့ထားတယ်။ ရှိနိုင်သေးတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ကပြောသည်။

 ဧရာဝတီတိုင်းဒေသကြီးတွင် ပင်လယ်ကမ်းရိုးတန်း အရှည်် ၂၂၇ မိုင်ရှိပြီး ရေနက်ဆိပ်ကမ်းလုပ်နိုင်သည့် နေရာများအား စမ်းသပ်မှုများလည်း လုပ်ထားကြောင်း၊ ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်နိုင်ပါက နိုင်ငံတကာတွင် သွားလာနေသော သင်္ဘောကြီးများ ဝင်ထွက်နိုင်ကာ ကုန်စည်စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးမှုများ တိုးတက်လာနိုင်ကြောင်း သိရသည်။

 “ကျွန်တော်တို ့ရေနက်ဆိပ်ကမ်းတွေမှာ ရေဆူမီတာ ၂ဝလောက်ရှိတယ်။ငရုတ်ကောင်းပတ်ဝန်ကျင်တို ့ မတ်တာတို ့မှာ အများဆုံး၃၅မီတာအထိရှိတယ်။ ရေဆူမီတာ ၂ဝကျော်ရင် နိုင်ငံခြား သင်္ဘောတန်ချိန် တစ်သိန်းအထက် ဝင်ချင်သလောက်ဝင်လို ့ရတယ်၊တန်ချိန်၅သိန်းလောက်အထိဝင်နိုင်တယ်”ဟု  ဝန်ကြီးချုပ်က ဆက်ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေနက်ဆိပ်ကမ်းနှင့်အတူ ရေနံချက်စက်ရုံများ စက်မှုဇုန်များ စိုက်ပျိုးရေး မွေးမြူးရေးဇုန်များ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ဖွ့ံဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required