ထိုင်း-ဂျပန် အွန်လိုင်းစတော့ကုန်သွယ်မှုစတင်

ထိုင်း-ဂျပန် အွန်လိုင်းစတော့ကုန်သွယ်မှုစတင်

ဘန်ကောက်၊ အောက်တိုဘာ ၁ ။           ။ ရင်းနှီးမြုပ်နှံသူများ၏ ကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်စေရန် ဆန်းသစ်သောနည်းပညာကို အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် ဂျပန်အွန်လိုင်းစတော့ ပွဲစားကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၁ ရက်က အွန်လိုင်းဝန်ဆောင်မှုကို စတင်လိုက်သည်။

SBITO ဟုလည်းခေါ်ဆိုသော SBI Thai Online သည် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂျပန်၏ SBI Group နှင့် ထိုင်း၏ Finansia Syrus Securities တို့ကြား ရင်းနှီးမတည်ငွေ ဘတ်သန်းပေါင်း ၇၂၂သန်းဖြင့် မှတ်ပုံတင်ထားသည်။

ဖက်စပ်လုပ်ငန်းသစ်သည် ပထမသုံးလအတွင်း ပွဲစားခ ၉၀ ရာခိုင်နှုန်းလျှော့ချမှုနှင့်အတူ ဂျပန်၏ အွန်လိုင်းကုန်သွယ်မှုနည်းပညာကို မိတ်ဆက်ပေးမည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် နိုင်ငံတစ်ဝန်းရှိ 7-Eleven စတိုးဆိုင်ခွဲပေါင်း ၈,၃၀၀မှတဆင့် အကောင့်များဖွင့်ကာ စာရွက်စာတမ်းများကို တင်သွင်းနိုင်မည်ဖြစ်ဖြစ်သည်။ ယင်းသို့တင်သွင်းရာတွင် အခမပေးရဟု သိရသည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်းစတော့ကုန်သွယ်သူအရေအတွက်မှာ တိုးပွားလျက်ရှိစဉ် ထိုင်းနိုင်ငံ၏ စတော့ဈေးကွက်မှာ အာဆီယံနိုင်ငံများတွင် ကုန်သွယ်မှုပမာဏမှာ သုံးနှစ်ဆက်တိုက် အကြီးမားဆုံးဖြစ် လျက်ရှိသည်။ "ဂျပန်ကုန်သွယ်သူအားလုံးနီးပါးက အင်တာနက်ကနေ ကုန်သွယ်နေကြတာပါ။ ထိုင်းနိုင်ငံလည်း ဒီလိုအနေအထားမျိုးကို ရောက်လာပါလိမ့်မယ်"ဟု SBI Thai Online Securities ၏ စီအီးအိုဖြစ်သူ မေဂူမူမိုတိုဟိဆက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဖက်စပ်ကုမ္ပဏီသည် ကုန်သွယ်ရေးအမှာစာများကို အောက်တိုဘာ ၁၆မှ စတင်ကာ လက်ခံဆောင်ရွက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly