အော်စကာဆုပေးပွဲတွင် ယခင်နှစ်ဆုရသရုပ်ဆောင်တွေ ပရီစင်တာ လုပ်ခွင့်ပြန်ရ

အော်စကာဆုပေးပွဲတွင် ယခင်နှစ်ဆုရသရုပ်ဆောင်တွေ ပရီစင်တာ လုပ်ခွင့်ပြန်ရ

ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့အမျိုးသမီးဆုရှင်ကို ကြေညာခွင့်မရတော့ဘူးဆိုပြီး အရင်နှစ် ဆုရှင် အလီဆန်ဂျင်နေးတစ်ယောက် စိတ်မကောင်း ဖြစ်ရပါတယ်။

ဒါပေမယ့် အရင်ဆုရသရုပ်ဆောင်တွေက အခုနှစ်မှာ ဆုရသူတွေကို ကြေညာပေးလာတဲ့ အစဉ်အလာကို အော်စကာဘုတ်အဖွဲ့က မပြင်ဆင်တော့ပါဆိုပြီး ကြေညာလာချိန်မှာတော့ အလီဆန်နဲ့အတူ ယခင်ဆုရှင်တွေအတွက် ဝမ်းသာစရာ ပြန်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အော်စကာအဖွဲ့ဟာ အရင်နှစ် ဆုရသူတွေကို ခုနှစ်မှာ ပရီစင်တာ လုပ်ခွင့် မပေးတော့ဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

အစဉ်အလာအရ အရင်နှစ် ဆုရ ပညာရှင်တွေဟာ ဒီနှစ်မှာ ဆုရသူတွေကို ကြေညာပေးရတာ ဖြစ်ပေမယ့် ဒီနှစ် ဖေဖော်ဝါရီ ၂၄ မှာ လော့စ်အိန်ဂျလိစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာတော့ အရင်နှစ် ဆုရှင််တွေကို မဖိတ်တော့ဖို့ ဆုံးဖြတ်ခံရတာပါ။

ဒါပေမယ့် အော်စကာဆုပေးတဲ့အဖွဲ့အနေနဲ့ ဒီ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အစဉ်အလာမပျက်စေဘဲ အရင်ဆုရှင်တွေဟာ ဒီနှစ်ရဲ့ ဆုရှင်တွေကို ကြေညာပေးရတဲ့ ဂုဏ်ယူဖွယ် တာဝန်ကို ပြန်လည်ဖိတ်ကြား အပ်နှင်းတော့တာပဲ ဖြစ်ပါတယ်။

ဒီအတွက် အလီဆန်၊ ဆမ်ရော့ခ်ဝဲလ်၊ ဖရန့််စ်မက်ဒေါမန့်နဲ့ ဂါရေးအိုမန်းတို့ဟာ ဒီနှစ် အော်စကာစင်မြင့်မှာ ပရက်စင်တာတွေအဖြစ် ဂုဏ်ယူဖွယ် ဆုတွေကို ကြေညာခွင့်ရကြမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly