ဖီဖာဥက္ကဋ္ဌရာထူး နောက်ထပ် ၄ နှစ်သက်တမ်းကို တာဝန်ယူသွားဖို့ရှိတဲ့ အင်ဖန်တီနို

ဖီဖာဥက္ကဋ္ဌရာထူး နောက်ထပ် ၄ နှစ်သက်တမ်းကို တာဝန်ယူသွားဖို့ရှိတဲ့ အင်ဖန်တီနို
Photo: AFP

ဂျာနီ အင်ဖန်တီနိုဟာ လာမယ့် ဇွန်လမှာ ရွေးချယ်မယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌရာထူးအတွက် တစ်ဦးတည်းသော ဝင်ရောက်ယှဉ်ပြိုင်မယ့်သူဖြစ်ဖွယ်ရှိတာကြာင့် သူ့အနေဖြင့် ဥက္ကဋ္ဌရာထူး ဒုတိယ ၄ နှစ်သက်တမ်းကို တာဝန်ယူသွားဖို့ ရှိနေပါတယ်။

အသက် ၄၈ နှစ်ရှိ အင်ဖန်တီနို်ဟာ အဖွဲ့အစည်းအတွင်း အကျင့်ပျက်ခြားမှု အရှုပ်တော်ပုံကြောင့် ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရတဲ့ ဖီဖာဥက္ကဋ္ဌဟောင်းဖြစ်သူ ဆက်ပ်ဘလက်တာရဲ့ နေရာကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရယူခဲ့သူဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌရွေးချယ်ပွဲကို ပဲရစ်မြို့မှာ ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဇွန်လ ၅ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဖီဖာရဲ့ ပြောဆိုချက်အရ ဥက္ကဋ္ဌရာထူးအတွက် အင်ဖန်တီနို တစ်ဦးတည်းကသာ အဖွဲ့ဝင် ဘောလုံးအဖွဲ့ချုပ် ၂၂၁ ဖွဲ့မှ ၅ ဖွဲ့ဆီကနေ လိုအပ်တဲ့ နာမည်စာရင်းရွေးချယ်တင်သွင်းမှု စာရွက်စာတမ်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်ဖန်တီနိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးမြှင့်ဖို့ အစီအစဉ်ကို ချပြခဲ့ပါတယ်။ သူဟာ ဒါကို ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် တိုးချဲ့ပြီး စမ်းသပ်လိုပါတယ်။ 

အဆိုပါအစီအစဉ်နဲ့ ပတ်သက်လို့ ဖီဖာရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လာမယ့် မတ်လမှာ အတည်ပြုချက်မှတ်သွားမှာဖြစ်ပါတယ်။

ယခင်ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌဟောင်း မိုက်ကယ် ပလာတီနီကလည်း ၂၀၂၁ ခုနှစ်မှ စတင်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၄ သင်းအထိ တိုးမြှင့်ဖို့အတွက် မျှော်လင့်နေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly