သမ္မတ မာဒူရိုကို ဗင်နီဇွဲလား စစ်တပ်က ဆန့်ကျင်ဖို့ အရေးကြီးနေပြီလို့ အတိုက်အခံခေါင်းဆောင် သတိပေး

သမ္မတ မာဒူရိုကို ဗင်နီဇွဲလား စစ်တပ်က ဆန့်ကျင်ဖို့ အရေးကြီးနေပြီလို့ အတိုက်အခံခေါင်းဆောင် သတိပေး

ကရာကတ်စ်၊ ဖေဖော်ဝါရီ ၆ ။              ။ ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သမ္မတ နီကိုလပ်စ်မာဒူရိုအစိုးရကို ဆန့်ကျင်ရာမှာ ပါဝင်ဖို့ အရေးကြီးပြီလို့ အတိုက်အခံခေါင်းဆောင် ဂွါဒိုက ပြောလိုက်ပါတယ်။

ဒီအတူပဲ နိုင်ငံတွင်းကို လူသားချင်းစာနာထောက်ထားရေးတွေ ဝင်ရောက်တာကို စစ်တပ်အနေနဲ့ မတားဆီးဖို့လည်း ၎င်းက သတိပေးပါတယ်။

သမ္မတ မာဒူရိုရဲ့ အာဏာပိုင်စိုးမှုကို လွှတ်တော်ရဲ့ ဥက္ကဌဖြစ်သူ ဂွါဒိုက စိန်ခေါ်လာခဲ့ပြီး ခုလို စစ်တပ်ကို လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို မပိတ်ပင်ဖို့ ပြောလာတာပါ။

ဂွါဒိုအနေနဲ့ ဥရောပသမဂ္ဂနိုင်ငံ ၂၀ ရဲ့ ထောက်ခံမှုကို အားပေးမြှင့်တင်ရင်း မာဒူရိုကို နောက်ကွယ်က အင်အားဖြစ်တဲ့ စစ်တပ်အနေနဲ့ ဒီလို အကူအညီတွေကို ပိတ်ဆို့ပြီး ထမင်းရည်ပူစည်းကို ကျော်လွန်မိတာမျိုး မလုပ်ဖို့ သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်မှာ နိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် ၎င်းကိုယ်ကို ကြေညာခဲ့တဲ့ ဂွါဒိုဟာ အဲဒီ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ မပေးပို့နိုင်ရင် ပြည်သူ သုံးသိန်းအထက် အသက်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အတည်ပြုဆိုပါတယ်။

“ဒါဟာ ကျော်လွန်မနင်းသင့်တဲ့ မျဉ်းနီပဲ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့လည်း သိတယ်။ နိုင်ငံမှာက ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေး အထောက်အပံ့တွေ လိုအပ်နေတာ ခင်ဗျားတို့ အသိပဲ ဖြစ်တယ်။”လို့ စစ်တပ်ကို သတင်းစကားပါးရာမှာ လွှတ်တော်အမတ် ပီဇာရိုက ပြောထားပါတယ်။

ဒါပေမယ့် ဒီလူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံကျူးကျော်မှုရဲ့ ရှေ့ပြေးပဲဖြစ်လိမ့်မယ်လို့ သမ္မတ မာဒူရိုက ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags