ဘာရိန်းတွင် လက်နက်များစွာသိမ်းဆည်းရမိ၊ အီရန်၊ အီရတ်တို့နှင့် ကွင်းဆက်ရှိသူများကို ဖမ်းဆီး

ဘာရိန်းတွင် လက်နက်များစွာသိမ်းဆည်းရမိ၊ အီရန်၊ အီရတ်တို့နှင့် ကွင်းဆက်ရှိသူများကို ဖမ်းဆီး

ဒူဘိုင်း၊ အောက်တိုဘာ ၁ ။          ။ လက်နက်အမြောက်အမြားသိမ်းဆည်းရမိခဲ့ပြီး အီရန်၊ အီရတ်တို့နှင့် ချိတ်ဆက်မှုရှိသည်ဟု ယူဆရသူများစွာကို ဖမ်းဆီးခဲ့သည်ဟု ဘာရိန်းအာဏာပိုင်များ ကပြောကြားခဲ့သည်။

လက်နက်နှင့် ဗုံးများကို မြို့တော် မာနာမာ၏ တောင်ဘက် ရှီးယိုက်အများစု နေထိုင်သော နျူဝိတ်ဒရတ်မြို့ရှိ နေအိမ်တစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ပိုင်းက ဖော်ပြခဲ့သည်။ ဖမ်းဆီးရမိမှုတွင် C4 ဖောက်ခွဲရေးပစ္စည်းများနှင့် အခြားဖောက်ခွဲရေးပစ္စည်း တစ်တန်ခွဲအပြင် မောင်းပြန်ရိုင်ဖယ်၊ ပစ္စတိုနှင့် လက်ပစ်ဗုံးများလည်း ပါဝင်ကြောင်း ဝန်ကြီးဋ္ဌာနက ဖော်ပြခဲ့သည်။

ရှီးယိုက်အများစုရှိသော်လည်း ဆွန်နီမွတ်စလင်တို့ အုပ်ချုပ်သော ဘာရိန်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သေဆုံးစေခဲ့သော ဗုံးခွဲမှုနှင့် ပတ်သက်သည်ဟု သံသယရှိသူ ငါးဦးကို သြဂုတ်လက ဖမ်းဆီးခဲ့သည်။

သေးငယ်သော်လည်း အမေရိကန်၏ မဟာဗျူဟာမြောက်မဟာမိတ်ဖြစ်သော ဘာရိန်းတွင် လွန်ခဲ့သည့် လေးနှစ်က အခြေခံဥပဒေအတိုင်းအုပ်ချုပ်သော ဘုရင်စနစ်ကို တောင်းဆိုသော ရှီးယိုက်ဦးဆောင်သော အုံကြွမှုပေါ်ပေါက်ပြီးကတည်းက မကြာခဏဆူပူမငြိမ်သက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းသို့မငြိမ်မသက်ဖြစ်ရန် ရှီးယိုက်အီရန်က အားပေးအားမြောက်ပြုနေသည်ဟု ဘာရိန်းက စွပ်စွဲလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly